ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု လာဇီယိုနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ရလဒ်ဆိုးများအတွက် နုတ်ထွက်မည်မဟုတ်ဟုဆိုလိုက်သည့် ပီအိုလီ

လာဇီယိုနည်းပြ စတီဖာနိုပီအိုလီက စီးရီးအေ ၆ ပွဲတွင် ၁ မှတ်သာရအောင် စွမ်းဆောင်ထားနိုင်သော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု ပြောကြားလိုက်သည်။

လာဇီယိုမှာ ယမန်နေ့ညက ဂျူဗင်တပ်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ၆ ပွဲတွင် ၅ ပွဲမြောက်အရေးနိမ့်ခဲ့ပြီး ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် လာဇီယိုနည်းပြက ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်နုတ်ထွက်မှာမဟုတ်ဘူး။ အခုအဖြစ်တွေအတွက် ကျွန်တော်က တာဝန်အရှိဆုံးပါ။ ဒါပေမဲ့ နစ်နေတဲ့သင်္ဘောကိုတော့ စွန့်ခွာသွားမှာမဟုတ်ဘူး”ဟု ပီအိုလီက ဆိုသည်။

ဂျူဗင်တပ်နှင့်ပွဲတွင် လာဇီယိုအသင်းခေါင်းဆောင် လူးကပ်စ်ဘစ်ဂ်လီယာမှာ ပွဲသိမ်းခရာမှုတ်အပြီး၌ မျက်ရည်ကျနေ၍ ကွင်းလယ်ဒိုင်က နှစ်သိမ့်ပေးခဲ့ရခြင်းကို ပါအိုလီက”ဒီအသင်းကို အရမ်းသံယောဇဉ်ကြီးတဲ့ ကစားသမားတွေရှိတယ်။ အဲဒါက ကောင်းတဲ့အချက်ပဲ။ အခုအခြေအနေကနေ ကျွန်တော်တို့လွတ်မြောက်ချင်တယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!