ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်တွင် အသင်း ၄၀ အထိတိုးမြှင့်ရေးကို ဆက်လက်လေ့လာမည်
|
ဖီဖာသည် ယမန်နေ့ကပြုလုပ်ခဲ့သည့် အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖီဖာအဖွဲ့အစည်းပြုပြင်ပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲဝင် အသင်း ၄၀ အထိ တိုးမြှင့်ရန် ဆုံးဖြတ်ချက်ကို ခေတ္တရွှေ့ဆိုင်းထားကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်မှု၌ အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ရရန် ဆန္ဒမဲပေးခဲ့ကြပြီး အကြီးတန်းတာဝန်ရှိသူများကို လုပ်ပိုင်ခွင့်ကန့်သတ်ခြင်းနှင့် လစာပမာဏကို လူသိရှင်ကြားကြေညာခြင်းတို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဖီဖာသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းတို့အဖွဲ့အစည်းကို ခေတ်မီသော ယုံကြည်ရသော ပရော်ဖက်ရှင်နယ်ပီသသော အဖွဲ့အစည်းအဖြစ် ရှုမြင်ခံရရန်ပြောင်းလဲလိုနေသော်လည်း ကမ္ဘာ့ဖလားနောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ရေးကိုမူ ဆက်လက်လေ့လာဦးမည်ဟု ဆိုထားသည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှစ၍ အသင်း ၄၀ ပါဝင်မည့်အဆိုတင်သွင်းမှုကို အာရှနှင့် အာဖရိကနိုင်ငံများက ထောက်ခံထားသည်။
Next : ၀က်စ်ဟမ်း၊ ၀ုဖ်ဘတ်တို့နှင့်ပွဲစဉ်များကို ရွန်နီလွဲချော်မည်