ဝက်စ်ဟမ်းတိုက်စစ်မှူးဆာခို ၂ လ ကျော်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝက်စ်ဘရွန်းနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် ဆာခို

ဝက်စ်ဟမ်းတိုက်စစ်မှူး ဒီယာဖရာဆာခိုသည် ၀က်စ်ဘရွန်းနှင့်ကစားခဲ့သည့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့သဖြင့်၂ လကျော် အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

“၁ ပတ် ၂ ပတ် နားရမှာမဟုတ်တာ သေချာတယ် ၄ ပတ်ကနေ ၈ ပတ်လောက်အထိ ဒါမှမဟုတ် အဲဒီထက်လည်း ပိုကြာနိုင်တယ်။ အထူးကုတွေရဲ့ခန့်မှန်းချက်ကို ကျွန်တော်တို့စောင့်နေပါတယ်။ သူက ပေါင်ဒဏ်ရာရဖူးတာတွေ ရှိခဲ့ပါတယ်။ ကံဆိုးတာကတော့ ဒီဒဏ်ရာက အသေးစားမဟုတ်တာပါပဲ”ဟု ၀က်စ်ဟမ်းနည်းပြ ဘီလစ်က ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းမှာ လက်ရှိအချိန်တွင် ကွင်းလယ်လူ ပါယက်ကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆုံးရှုံးထားရပြီး အီကွေဒေါတိုက်စစ်မှူး အန်နာဗလင်စီယာမှာလည်း အနားယူနေရသဖြင့် ယခုအဖြစ်မှာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဘီလစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!