လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မည်ဟု အယ်လ်ကန်တာရာ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းဖော်အလွန်ဆို(၀ဲ)နှင့်အတူတွေ့ရသည့် အယ်လ်ကန်တာရာ

နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွင် အင်္ဂလန်အသင်းနှင့်ခြေစမ်းပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ၃ ပတ် သို့မဟုတ် ၄ ပတ်ခန့်အထိ အနားယူရမည်ဟု ဘိုင်ယန်မြူးနစ်က ထုတ်ပြန်ခဲ့သည်။

ယခုအချိန်တွင် အယ်လ်ကန်တာရာ၏ ဒဏ်ရာမှာ ပြန်လည်သက်သာလာသဖြင့် လာမည့်တစ်ပတ်တွင်ပြုလုပ်မည့် ဘိုင်ယန်မြူးနစ်လေ့ကျင့်ခန်းအစီအစဉ်၌ ပါဝင်နိုင်ရန်မျှော်လင့်ထားကြောင်း အဆိုပါကစားသမားက ဖွင့်ဟခဲ့သည်။

ကွင်းလယ်လူအယ်လ်ကန်တာရာသည် ဒဏ်ရာပြဿနာများကြောင့် လပေါင်းများစွာ အနားယူခဲ့ဖူးသူဖြစ်ပြီး ယခုဒဏ်ရာမှာ အချိန်တိုအတွင်းပြန်လည်ကောင်းမွန်လာသဖြင့် အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့သည်။

comments

error: Content is protected !!