နေလင်းထွန်းနှင့် ဟိန်းသီဟဇော်ကို ၃ နှစ်စာချုပ်ဖြင့် ကမ္ဘောဇခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆီးဂိမ်းပွဲစဉ်တစ်ခုတွင်မြင်တွေ့ရသည့် နေလင်းထွန်း

ဒီဇင်ဘာ ၃။
အော်သော်ဖြိုး။

ကမ္ဘောဇအသင်းသည် အပြောင်းအရွှေ့ကာလအတွင်း ဒုတိယခေါ်ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်ကြသည့် နေလင်းထွန်း နှင့် ဟိန်းသီဟဇော် တို့ကို ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကမ္ဘောဇအသင်းနည်းပြ ဦးစိုးမြတ်မင်းက ဆိုသည်။

“နေလင်းထွန်းနဲ့ ဟိန်းသီဟဇော်တို့ကို ၃ နှစ် စာချုပ်ချုပ် ဆိုနိုင်ခဲ့ပါတယ်။ ထိုက်ထိုက်အောင်ကိုလည်း ခေါ်ယူဖို့ စီစဉ်နေပါတယ်”ဟု ဦးစိုးမြတ်မင်းက ပြောကြားခဲ့သည်။

နေလင်းထွန်းနှင့် ဟိန်းသီဟဇော်တို့သည် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီအသင်းမှ  အားထားရသည့် ကစားသမားများဖြစ်ပြီး နိုဝင်ဘာလတွင် ဧရာဝတီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကာ ကမ္ဘောဇအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းသား နေလင်းထွန်းသည် စင်ကာပူဆီးဂိမ်းစ်တွင် ဒုတိယရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ရန်ကုန်လူငယ်အသင်းတွင် ၂၀၁၁၊ ၂၀၁၂ ဘောလုံးရာသီနှင့် ဧရာဝတီအသင်းတွင် ၂၀၁၂ မှ ၂၀၁၅ အထိ ကစားခဲ့သည်။

ဟိန်းသီဟဇော်သည် လက်ရှိမြန်မာ့လက်ရွေးစင် ဘယ်နောက်ခံကစားသမားဖြစ်ပြီး ရတနာပုံလူငယ်အသင်းတွင် ၂၀၁၁၊၂၀၁၂ ခုနှစ်တွင် ရတနာပုံအသင်းကြီး၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဧရာဝတီအသင်းတွင် ကစားခဲ့သူတစ်ဦးဖြစ်သည်။

ကမ္ဘောဇအသင်းသည် ရတနာပုံအသင်းမှ ဂိုးသမားသီဟစည်သူကိုလည်း ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့သလို အသင်းမှ ဝင်းမင်းထွဋ်၊ ဇော်လင်းတို့ကို စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီး ကျော်ဇေယျာဝင်း၊ ဥာဏလွင်၊ မင်းမင်းထွန်း၊ ဖြိုးမင်းမောင်၊ သိန်းသန်းဝင်း၊ ကောင်းမြတ်ကျော်တို့ကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

comments

error: Content is protected !!