ပွဲပယ်ကစားသမားအားအသုံးပြုခဲ့သည့်အတွက် ကိုပါဒယ်ရေးပြိုင်ပွဲမှ ရီးရဲလ်ထုတ်ပယ်ခံရဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်က ထည့်သွင်းအသုံးပြုခဲ့သည့် ဒန်းနစ်ချရေးရှက်ဗ်

စပိန်ထိပ်သီးရီးရဲလ်အသင်းသည်ကိုပါဒယ်ရေးပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် လူငယ်တောင်ပံကစားသမားတစ်ဦးအားပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပြီးနောက် ပြိုင်ဘက်အသင်း၏ တိုင်ကြားခြင်းကို ခံခဲ့ရခြင်းကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

ဒန်းနစ်ချရေးရှက်ဗ်အမည်ရ လူငယ်တောင်ပံကစားသမားသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီ၌  ဗီလာရီးရဲလ်အသင်းသို့အငှားစာချုပ်ဖြင့်သွားရောက်ကစားခဲ့စဉ်က အ၀ါ ကတ် ၃ကတ်ပြသခံခဲ့ရခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ကာဒစ်ဇ်နှင့် ကိုပါဒယ်ရေးပွဲစဉ်တွင် ရီးရဲလ်အသင်းနှင့်အတူ ပွဲထွက်ခဲ့သည့်အတွက် ကာဒစ်ဇ်အသင်းက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက် ၍ ရီးရဲလ်အသင်းမှာ ဝေဖန်မှုများ နှင့်ရင်ဆိုင်ရလျက်ရှိနေပြီး ကာဒစ်ဇ် အသင်းမှာလည်း စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများထံ တိုင်ကြားခဲ့သည့်အတွက် လက်ရှိပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

comments

error: Content is protected !!