Capital One ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆီမီးဖိုင်နယ်တက်ရောက်သွားသည့် လီဗာပူးအသင်းသားများ

Capital One ဖလားကွာတားဖိုင်နယ်ပွဲစဉ်များပြီးဆုံးပြီးနောက် နိုင်ပွဲရရှိခဲ့သော အသင်းများဖြစ်သည့် မန်စီးတီး၊ အဲဗာတန်၊ လီဗာပူးနှင့် စတုတ်စီးတီးတို့မှာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဟူးလ်စီးတီးကိုအနိုင်ရရှိခဲ့သော မန်စီးတီးမှာ မစ်ဒယ်ဘရော့အိမ်ကွင်းတွင် ၂ ဂိုးပြတ်အနိုင်ရရှိခဲ့သည့် အဲဗာတန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်ရောက်ရှိလာသည့် စတုတ်စီးတီးမှာ ဆောက်သမ်တန်အိမ်ကွင်း၌ ၁-၆ ဂိုးဖြင့်အနိုင်ရရှိခဲ့သော လီဗာပူးနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

စတုတ်စီးတီးနှင့်ရင်ဆိုင်ရမည့်ပွဲနှင့်ပတ်သက်၍ လီဗာပူးနည်းပြကလော့ပ်က ”ကျွန်တော့်ဘ၀မှာ ဗိုလ်လုပွဲ အနည်းငယ်ပဲရောက်ခဲ့ဖူးပါတယ်။ အခုပွဲဟာ လွယ်ကူမယ့်ပွဲမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ စတုတ်စီးတီးဘက်ကလည်း ဗိုလ်လုပွဲရောက်ချင်နေမှာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

Capital One ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်များကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၅၊ ၆ ရက်နေ့များတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဇန်န၀ါရီ ၂၆၊ ၂၇ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။

comments

error: Content is protected !!