ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ်ဥက္က၏အား ရာထူးမှနုတ်ထွက်ရန် လက်ရွေးစင်ကစားသမားများတောင်းဆို
|
ဗင်နီဇွဲလားလက်ရွေးစင်အသင်းသားများသည် လက်ရွေးစင်အသင်းအတွက် ထောက်ပံ့မှုနည်းပါးသည့်အပြင်ငွေကြေးလိမ်ညာမှုများ၊ အလွဲသုံးစားမှုများပြုလုပ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့် အဖွဲ့ချုပ်ဥက္ကဋ္ဌရာဖေးလ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။
ဖိအားပေးခြင်းခံရသည့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသည် ဖီဖာအမှု ဆောင်အဖွဲ့ဝင်များနှင့်အတူ လာဘ်စားမှုများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြီးခဲ့သည့်မေလတွင်ဆွစ်ဇာလန်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲနှင့်ပတ်သက်၍လည်း ငွေကြေးအလွဲသုံးစားမှုများရှိနေကြောင်း သတင်းဆိုးများထွက်ပေါ်လျက်ရှိသူဖြစ်သည်။
လက်ရွေးစင်အသင်းခေါင်းဆောင် သောမတ်စ်ရိန်ကွန်နှင့် ထိပ်တန်းတိုက်စစ်မှူး ရွန်ဒွန်တို့ ပါဝင်သည့် လက်ရွေးစင်ကစားသမား ၁၅ဦးတို့သည် လက်ရွေးစင်အသင်းနည်းပြ ဆမ်ဗင်ဆင့်တီအား ရာထူးမှထုတ်ပယ်ခဲ့သည့် ဥက္ကဋ္ဌ ရာဖေးလ်၏ ဆုံးဖြတ်ချက်အပေါ်လည်း ရှုံ့ချမှုများပြုလုပ်ခဲ့ပြီး ရာထူးကနေ နုတ်ထွက်ရန်အထိပင် ဖိအားပေးတောင်းဆိုမှုများပြုလုပ်လျက်ရှိသည်။
Next : Capital One ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များထွက်ပေါ်