Capital One ဆီမီးဖိုင်နယ်သို့ ၁၉၇၂ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် စတုတ်တက်လှမ်းနိုင်ခဲ့
|
ပရီးမီးယားလိဂ်ကလပ်စတုတ်စီးတီးသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော Capital One ဖလားပြိုင်ပွဲ၌ ရှက်ဖီးWED အသင်းကိုအိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
စတုတ်စီးတီးအတွက် အနိုင်ဂိုးများကို ဘာစီလိုနာတိုက်စစ်မှူးဟောင်း အဖယ်လေက ပွဲချိန် မိနစ် ၃၀ တွင်စတင်သွင်းယူပြီးဒုတိယဂိုးကို ဘရက်စလေက ပွဲချိန် ၇၅ မိနစ်၌ ဗန်ဂျင်ကယ်လ်၏ ပေးပို့မှုမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ နည်းပြမာ့ခ်ဟုခ်ျက ”နှစ်စဉ်နှစ်တိုင်း စီမံကိန်းချပြီး ကျွန်တော်တို့ကြိုးပမ်းခဲ့ကြပါတယ်။ အခုနှစ်မှာ ကျွန်တော်တို့လိုချင်တဲ့ ဘောလုံးရာသီတစ်ခုပိုင်ဆိုင်လာခဲ့လို့ ယုံကြည်မှုလည်းပိုရှိလာပါတယ်။ဒီအချက်က ဗိုလ်လုပွဲရောက်အောင် ကြိုးပမ်းဖို့ တွန်းအားဖြစ်စေတယ်” ဟု ပြောကြားခဲ့သည်။
နည်းပြမာ့ခ်ဟုခ်ျ၏ စတုတ်စီးတီးအသင်းသည် ၁၆ သင်းအဆင့်တွင် ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူဖြတ်ကျော်ခဲ့ခြင်းဖြစ်ပြီး ရှက်ဖီးWEDအသင်းမှာ အာဆင်နယ်ကို ၃ ဂိုးပြတ်အနိုင်ယူခဲ့သည့်အသင်းဖြစ်သည်။
Next : အိုလံပီယာကော့စ်နှင့်ပွဲတွင် ဆန်းချက်ဇ်နှင့်ကာဇိုလာ ပါဝင်နိုင်မည်မဟုတ်၍ ရှုံးထွက်အဆင့်သို့အာဆင်နယ် တက်နိုင်ရန် အခက်ကြုံဖွယ်ရှိ