အိုလံပီယာကော့စ်နှင့်ပွဲတွင် ဆန်းချက်ဇ်နှင့်ကာဇိုလာ ပါဝင်နိုင်မည်မဟုတ်၍ ရှုံးထွက်အဆင့်သို့အာဆင်နယ် တက်နိုင်ရန် အခက်ကြုံဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
NORWICH, ENGLAND - NOVEMBER 29:  Alexis Sanchez of Arsenal is escorted from the pitch by physio Colin Lewin during the Barclays Premier League match between Norwich City and Arsenal at Carrow Road on November 29, 2015 in Norwich, England.  (Photo by David Price/Arsenal FC via Getty Images)
ဒဏ်ရာရရှိသွားသည့် ဆန်းချက်ဇ်အား အသင်းဆရာဝန်နှင့်အတူတွေ့ရစဉ်။

ပြီးခဲ့သည့်တစ်ပတ်က နော်ဝစ်ခ်ျနှင့်ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်လူကာဇိုလာမှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး တောင်ပံကစားသမားဆန်းချက်ဇ်သည်လည်း တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်မှာ ၄ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ကွင်းလယ်လူကာဇိုလာ၏ ဒူးဒဏ်ရာမှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်းသိရပြီး အနားယူရမည့်ရက်အတိအကျထုတ်ပြန်နိုင်ခြင်းမရှိကြောင်း အာဆင်နယ်က အတည်ပြုခဲ့သည်။

ထို့ကြောင့် အိုလံပီယာကော့စ်နှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို အဆိုပါကွင်းလယ်လူနှင့် ဆန်းချက်ဇ်တို့လွဲချော်ရမည်ဖြစ်သောကြောင့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန်အရေးတကြီးလိုအပ်နေသည့် အာဆင်နယ်အတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ခဲ့သည်။

အဆိုပါပွဲတွင် ပွဲချိန် ၁၁ မိနစ်၌ တင်ပါးဒဏ်ရာရရှိခဲ့သော နောက်ခံလူကိုစီရယ်နီ၏ ဒဏ်ရာမှာ ပြင်းထန်မှုမရှိသဖြင့်ဆန်းဒါးလန်းနှင့်ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြန်လည်ပွဲထွက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

comments

error: Content is protected !!