ဥရောပအချမ်းသာဆုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့် မန်ယူတို့အစဉ်လိုက်ဦးဆောင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebrich
ကမ္ဘာ့အချမ်းသာဆုံးထိပ်တန်း၃သင်းဝင်အသင်းမှ နာမည်ကြီးကစားသမားများ။

စပိန်လာလီဂါထိပ်တန်းအသင်းများဖြစ်သည့် ရီးရဲလ်နှင့် ဘာစီလိုနာတို့သည့် ဥရောပဘောလုံးကလပ်များထဲတွင် ငွေကြေးချမ်းသာမှုအများဆုံးအသင်းအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ဘဏ္ဍာရေးစစ်တမ်းတစ်ခုအရသိရသည်။

ယင်းစစ်တမ်းအရ ရီးရဲလ်သည်ပေါင်၂.၁၆၁ ဘီလျံဖြင့် ပထမနေရာ ရရှိခဲ့ကာ ဘာစီလိုနာအသင်းက ပေါင် ၂.၀၉၅ ဘီလျံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ဥရောပ၏ အချမ်းသာဆုံးအသင်းတတိယနေရာတွင် မန်ယူ၊ စတုတ္တနေရာတွင် မန်စီးတီးနှင့် ပဉ္ဇမနေရာတွင် ဘိုင်ယန်မြူးနစ်ကရပ်တည်လျက်ရှိကာ ချဲလ်ဆီးအသင်းမှာဆဋ္ဌမနေရာတွင်ရပ်တည်လျက်ရှိကြောင်းသိရသည်။

ယခုထုတ်ပြန်ခဲ့သောစာရင်းအရ ထိပ်တန်း၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ ၅သင်းဝင်နိုင်ခဲ့ပြီး အာဆင်နယ်မှာ သတ္တမ၊အဋ္ဌမနေရာတွင်ရပ်တည်နေခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!