ဘိုင်ယန်မြူးနစ်တွင်ဆက်ရှိနိုင်သည်ဟု ဂွါဒီယိုလာ အရိပ်အမြွက်ပြောကြား
|
အသင်းကစားကွက်နည်းဗျူဟာနှင့် ပတ်သက်ပြီး ရှင်းလင်းပြသနေသည့် နည်းပြဂွါဒီယိုလာ။
မန်စီးတီးမှ ခေါ်ယူရန်စိတ်ဝင်စားနေသော နည်းပြဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်တွင် ဆက်ရှိနေနိုင်သည်ဟုအရိပ်အမြွက်ပြောကြားလိုက်သည်။
စပိန်လူမျိုးနည်းပြဂွါဒီယိုလာက ”ဒီမြို့က စွဲမက်စရာကောင်းတဲ့မြို့ပါ။ ဒီမှာနေရာတာ ကျွန်တော်နဲ့ မိသားစုအတွက်အရမ်းစိတ်ကျေနပ်စရာကောင်းပါတယ်။ ဒီအချက်က ဘိုင်ယန်မြူးနစ်မှာ ဆက်ရှိဖို့အဓိက အကြောင်းအရင်းပါပဲ။ ဒီဇင်ဘာ၁၂ ရက်နေ့မှာကစားမယ့် ဟန်နိုဗာနဲ့ပွဲပြီးရင် ကျွန်တော်နဲ့ဘိုင်ယန်မြူးနစ်တို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ပြောကြားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိချုပ်ရူမင်နစ်ဂီက အကယ်၍ အသင်းမှဂွါဒီယိုလာထွက်ခွာမည်ဆိုပါက ၎င်း၏နေရာတွင်အစားထိုးရန်အခက်အခဲမရှိကြောင်း ပြီးခဲ့သည့်တစ်ပတ်က ပြောကြားထားသည်။
Prev : ဘရာဇီး တိုက်စစ်မှူးတစ်ဦးကို ရန်ကုန်အသင်း ခြေစွမ်းစမ်းသပ်မည်
Next : Capital One ဆီမီးဖိုင်နယ်သို့ ၁၉၇၂ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် စတုတ်တက်လှမ်းနိုင်ခဲ့
Next : Capital One ဆီမီးဖိုင်နယ်သို့ ၁၉၇၂ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် စတုတ်တက်လှမ်းနိုင်ခဲ့