လုံခြုံရေးအခြေအနေကြောင့် လာဇီယိုအသင်းပရိသတ်များ ယူရိုပါလိဂ်ပွဲစဉ်ကြည့်ရှုခွင့် ပိတ်ပင်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ROME, ITALY - NOVEMBER 22:  A stewart checks fans with a metal detector before the Serie A match between SS Lazio and US Citta di Palermo at Stadio Olimpico on November 22, 2015 in Rome, Italy.  (Photo by Paolo Bruno/Getty Images)
ပါလာမိုနှင့်ပွဲအားလာရောက်အားပေးသည့် လာဇီယိုပရိသတ်တစ်ဦးအား လုံခြုံရေးအရာရှိတစ်ဦးမှ စစ်ဆေးနေစဉ်။

ပြင်သစ်ကလပ် စိန့်အက်တီယန်၏ အိမ်ကွင်းတွင် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် လုံခြုံရေးအခြေ
အနေအကြောင်းပြချက်အရ အဝေးကွင်းသို့သွားရောက်အားပေးမည့် လာဇီယိုအသင်းပရိသတ်များအနေဖြင့် ပွဲကြည့်ရှုခွင့်ပိတ်ပင်ခံရကြောင်း ယင်းစီးရီးအေအသင်းကသတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုများကြောင့် လူပေါင်း ၁၃၀ကျော် သေဆုံးခဲ့ပြီး ၄၀၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပဲရစ်မြို့အကြမ်းဖက်ခံခဲ့ရပြီးနော
က် ပြင်သစ်လိဂ်-၁၊ လိဂ်-၂ ပွဲစဉ်များကို ပုံမှန်အတိုင်းအတိုင်း ယှဉ်ပြိုင်ကစားလျက်ရှိသော်လည်း နိုင်ငံတော်အဆင့် လုံခြုံရေးသတ်မှတ်မှုများကြောင့်
ဧည့်သည့်အသင်းပရိသတ်များလာရောက်ကြည့်ရှုမှုကို ပိတ်ပင်ထားခဲ့သည်။

” အဝေးကွင်းမှာ လိုက်လံအားပေးမယ့် ပရိသတ်တွေအနေနဲ့ လက်မှတ်ကြိုတင်မ၀ယ်ကြဖို့ အကြံပြုချင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေရ စိန့်အက်တီ
ယန်နဲ့ ပွဲစဉ်ကို ပရိသတ်တွေကြည့်ရှု့ခွင့်ရမှာမဟုတ်ပါဘူး။ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် တင်းကြပ်တဲ့ လုံခြုံရေးအခြေအနေများကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို
လာဇီယိုပရိသတ်တွေ အားပေးခွင့်မရနိုင်တော့ပါဘူး ” ဟု လာဇီယိုအသင်ဝက်ဘ်ဆိုက်တွင် အတည်ပြုသတင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!