ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်အကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဘင်နီတက်ဇ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebreal
ရီးရဲလ်နည်းပြဘင်နီတက်ဇ်နှင့် တိုက်စစ်မှူး ဂျိမ်းရိုဒရီဂွက်ဇ်အားတွေ့ရစဉ်။

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က အဓိကကစားသမားဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်ကြားတွင် အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာမရှိကြောင်း၊ အသင်းရလဒ်ကောင်း
ရန်အတွက် အတူတကွဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်း၊ ဘာစီလိုနာနှင့် ရှုံးပွဲအတွက် နိုင်ပွဲများဖြင့် ပြန်လည်ကုစားရန် ပိုမိုအာရုံစိုက်နေကြောင်းထုတ်ဖော်
ပြောကြားခဲ့သည်။

” ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆိုတာက နိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အသင်းအတွက်လည်း အရေးပါဆုံးကစားသမားတွေထဲကတစ်
ယောက်ပါ။ ဒါပေမဲ့ ရီးရဲလ်လိုအသင်းမျိုးမှာ နေရာအမြဲရဖို့ မလွယ်ကူပါဘူး။ ထိပ်သီးကစားသမားတွေဖြစ်တဲ့အတွက် ပွဲထွက်ခွင့်ရဖို့အတွက် အပြိုင်အဆိုင်ကြိုး
စားနေရတာပါ။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အသုံးပြုမှုနည်းပါးနေခြင်းက ပြဿနာတစ်စုံတစ်ရာကြောင့် မဟုတ်ပါဘူး ” ဟု ဘင်နီတက်ဇ်က ဆိုခဲ့သည်။

ဒဏ်ရာမှပြန်လည်သက်သာလာခဲ့ပြီဖြစ်သည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ဘာစီလိုနာအသင်းအား အိမ်ကွင်းတွင် အရှက်တကွဲအရေးနိမ့်ခဲ့သည့် ပွဲစဉ်၌် ခြေစွမ်းပြ
ကစားနိုင်ခဲ့ခြင်းမရှိသည့်အပြင် ပုံမှန်ခြေစွမ်းရရှိအောင် ရုန်းကန်နေရသည့်အတွက် ပရိသတ်များ၏ဝေဖန်မှုများကို ခံနေရသူဖြစ်သည်။ ထို့ကြောင့် ၎င်းသည်
နည်းပြဘင်နီတက်ဇ်၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေခြင်းဖြစ်သည်။

comments

error: Content is protected !!