ဘာစီလိုနာ၊ ချဲလ်ဆီးတို့နှင့်အပြိုင် အူဘာမီယန်ကိုခေါ်ယူရန် မန်ယူကြိုးပမ်းမည်ဟုသတင်းထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
DORTMUND, GERMANY - NOVEMBER 29:  Pierre-Emerick Aubameyang of Borussia Dortmund celebrates scoring the goal to the 4:1 during the Bundesliga match between Borussia Dortmund and VfB Stuttgart at Signal Iduna Park on November 29, 2015 in Dortmund, Germany.  (Photo by Alexandre Simoes/Borussia Dortmund/Getty Images)
စတုဂတ်နှင့်ပွဲတွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် အူဘာမီယန်ကိုတွေ့ရစဉ်။

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့မှ ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိသော
ဒေါ့မွန်တိုက်စစ်မှူးအူဘာမီယန်ကို မန်ယူအသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်နေ့စဉ်ထုတ်သတင်းစာ Mirror ၏ဖော်ပြချက်အရသိရသည်။

အူဘာမီယန်သည် ယခုနှစ်ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းအတွက် ၁၈ ပွဲကစားခဲ့ရာတွင် ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့သောကြောင့်နည်းပြဗန်ဟားလ်က မန်ယူတိုက်စစ်နေရာဖြည့်တင်းရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။

အသက်၂၆ နှစ်ရှိအဆိုပါ ဂါဘွန်လက်ရွေးစင်ကစားသမား၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၂ သန်းခန့်ကြောင်းသိရပြီးလက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၀ ခုနှစ်အထိရှိမည်ဖြစ်သော်လည်း မန်ယူဘက်မှ ပေးချေခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရသည်။

comments

error: Content is protected !!