ရလဒ်ဆိုးများကြောင့် နည်းပြ မာဒိုလင်နီအား ဗီရိုနာ ထုတ်ပယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရလဒ်ဆိုးများကြောင့် ထုတ်ပယ်ခံခဲ့ရသည့် မာဒိုလင်နီ

စီးရီးအေပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ရုန်းကန်နေရပြီး တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည့် ဗီရိုနာသည် ပွဲစဉ် ၁၄ ၌ တန်းတက် ဖရိုဆီနိုနီကို ထပ်မံအရေးနိမ့်ခဲ့ပြီးနောက် နည်းပြမာဒိုလင်နီနှင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဗီရိုနာသည် ပွဲစဉ် ၁၄ ကစားပြီးချိန်၌ ရမှတ် ၆ မှတ်သာရရှိထားခဲ့ခြင်းကြောင့် ရာသီကုန်တွင်တန်းမဆင်းရရေးအတွက် အသင်းတာဝန်ရှိသူများက နည်းပြမာဒိုလင်နီနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ဗီရိုနာအား စတင်တာဝန်ယူကိုင်တွယ်ခဲ့သည်  နည်းပြမာဒိုလင်နီသည် စီးရီးအေ၌ အလယ်အလတ်အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်သည်အထိ စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

နည်းပြမာဒိုလင်နီအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အသင်းအနေဖြင့် တန်းမဆင်းရရေးအတွက် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အနာဂတ်တွင် အသင်းသစ်နှင့်အတူ အောင်မြင်မှုများရရှိရန်အတွက် ဆုမွန်ကောင်းတောင်းပေးလိုကြောင်းနှင့် ဘုတ်အဖွဲ့မှာ အသင်းအနာဂတ်အတွက် ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

comments

error: Content is protected !!