ဂိုးမပေးရသည့်အချိန် အကြာဆုံး ဂိုးသမားအဖြစ် နာပိုလီဂိုးသမား ရီနာ စံချိန်တင်
|
နာပိုလီ အဓိကဂိုးသမား ရီနာသည် အင်တာမီလန်နှင့် စီးရီးအေပွဲစဉ် ၁၄ တွင် ဂိုးပေးခဲ့ရသော်လည်း ဂိုးမပေးရသည့် အချိန် ၅၃၄ မိနစ်အထိရှိခဲ့ခြင်းကြောင့် ဥရောပ၏ ဂိုးမပေးရသည့်အချိန် အကြာဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်သည်။
ဝါရင့်ဂိုးသမားဖြစ်သူ ရီနာသည် အင်တာမီလန်ကွင်းလယ်လူ အယ်ဂျာဂျစ်၏ သွင်းဂိုးအား ခွင့်ပြုခဲ့ရသည့်အချိန်တွင် ၅၃၄ မိနစ်အထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ယခင်စံချိန်ရှင်ဖြစ်သည့် မန်ယူဂိုးသမား ဒီဂီယာ၏ မိနစ် ၅၀၀ ဂိုးမပေးရသည့် စံချိန်အား ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အင်တာာမီလန်အား အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားဦးဆောင်ခွင့်ရရှိခဲ့သည့် နာပိုလီသည် လက်ရှိဘောလုံးရာသီ၏ ခံစစ်အကောင်းဆုံးစီးရီးအေအသင်းအဖြစ် ရပ်တည်လျက်ရှိနေသည့်အပြင် ဖီအိုရင်တီးနားအသင်းအား အနိုင်ရရှိခဲ့သည့် စီးရီးအေပွဲစဉ် ၈ တွင် ဂိုးပေးခဲ့ရပြီးနောက်ပိုင်း စီးရီးအေ ၅ ပွဲဆက်တိုက် ပေးဂိုးမရှိသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
Next : ရလဒ်ဆိုးများကြောင့် နည်းပြ မာဒိုလင်နီအား ဗီရိုနာ ထုတ်ပယ်