လီဝမ်ဒေါစကီးအား ဂင်းနစ်စံချိန်အဖွဲ့က ဂုဏ်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ဂင်းနစ်စံချိန်အဖွဲ့၏ တရားဝင်ဂုဏ်ပြုမှုခံခဲ့ရသည့် လီဝမ်ဒေါစကီး

ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ခုအတွင်း ၅ ဂိုးသွင်းယူပြီး စံချိန် ၄ ခုတင်နိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးအား ဂင်းနစ်စံချိန်အဖွဲ့က တရားဝင်ဂုဏ်ပြုပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

လီဝမ်ဒေါစကီးမှာ ၀ုဖ်ဘတ်ကို ၅-၁ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် လူစားဝင်လာပြီး သွင်းဂိုး ၅ ဂိုးကို ၈ မိနစ် ၅၉ စက္ကန့်ဖြင့် ရယူပေးခဲ့သူဖြစ်ကာ ၃ မိနစ် ၂၂ စက္ကန့်ဖြင့် အမြန်ဆုံးဟက်ထရစ်စံချိန်၊ ၅ မိနစ် ၄၂ စက္ကန့်ဖြင့် ၄ ဂိုးသွင်းသည့်စံချိန်၊ သွင်းဂိုး ၅ ဂိုး အမြန်ဆုံးရယူနိုင်သည့်စံချိန်နှင့် ဂျာမန်အမှတ်ပေးဘောလုံးပွဲတွင် လူစားဝင်လာပြီး ၅ ဂိုးသွင်းသည့် ပထမဆုံးကစားသမားစံချိန်တို့ တင်နိုင်ခဲ့သည်။

“ကျွန်တော့်အတွက် တကယ့်သမိုင်းဝင်ညပါပဲ။ အဲဒီဂိုးတွေသွင်းပြီးတော့ ကျွန်တော့်စိတ်ကို ငြိမ်အောင်မနည်းထိန်းခဲ့ရတယ်။ ကျွန်တော့်မိသားစုကတော့ ကျွန်တော့်ထက်တောင် ပိုပျော်နေကြပါသေးတယ်”ဟု လီဝမ်ဒေါစကီးက ထိုဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

လီဝမ်ဒေါစကီးသည် ထိုပွဲစဉ်တွင် ၎င်းဝတ်ဆင်ခဲ့သည့် ဘောလုံးကန်ဖိနပ်ကို ပရဟိတအဖွဲ့အစည်းတစ်ခုသို့ လှူဒါန်းရန်စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

ဝုဖ်ဘတ်နှင့်ပွဲစဉ်တွင် လီဝမ်ဒေါစကီးမချိုးဖျက်နိုင်ခဲ့သည့်စံချိန်မှာ လွန်ခဲ့သည့် ၃၈ နှစ်က ကိုလုံးနှင့် ၀ါဒါဘရီမင်တို့ပွဲစဉ်တွင် ၀ါဒါဘရီမင်ဘက်သို့ တစ်ဦးတည်း ၆ ဂိုးသွင်းယူခဲ့သည့် ဒိုင်ယက်တာမူလာ၏ စံချိန်ပင်ဖြစ်သည်။

comments

error: Content is protected !!