စင်ကာပူဂိုးသမား အစ်ဇ်ဝမ် ဂျေလိဂ်တွင် တစ်ပတ်ကြာသွားရောက် အစမ်းသပ်ခံ
|
မတ်ဆူမိုတိုအသင်းတွင် စမ်းသပ်ခံမည့် အစ်ဇ်ဝမ်
ဂျေလိဂ်ကလပ် မတ်ဆူမိုတိုယာမာဂါသည် ၎င်းတို့၏ကတိအတိုင်း စင်ကာပူဂိုးသမား အစ်ဇ်ဝမ်အား အသင်းနှင့်အတူ တစ်ပတ်ကြာ လာရောက်လေ့ကျင့် အစမ်းသပ်ခံရန် ခေါ်ယူခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ထိုဂိုးသမားသည် ယနေ့မှစ၍ လာမည့်တနင်္လာနေ့အထိ ဂျပန်တွင်နေထိုင်မည်ဖြစ်ပြီး ယခုနှစ်ဂျေလိဂ်တွင် အဆင့် ၁၆ သာရရှိခဲ့၍ တန်းဆင်းခဲ့ရသော ၎င်းအသင်းနှင့် အမြဲတမ်းစာချုပ်ချုပ်ဆိုနိုင်ရန် စမ်းသပ်မှုခံယူမည်ဖြစ်သည်။
ထိုကစားသမားမှာ စမ်းသပ်မှုအောင်မြင်ပြီး ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဂျေလိဂ်တွင် ပထမဆုံးကစားသော စင်ကာပူကစားသမားဖြစ်လာမည်ဖြစ်သည်။
ပရိသတ် ၂ သောင်းဆံ့ အိမ်ကွင်းအယ်လ်ဝင်ကို ပိုင်ဆိုင်ထားသည့် မတ်ဆူမိုတိုအသင်းမှာ နောက်ဆုံး ၃၄ ပွဲတွင် ၅၄ ဂိုးပေးထားရ၍ ဂိုးသမားကောင်းတစ်ဦးရှာဖွေနေသည်။
Prev : ဖီဖာရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်
Next : ခြေသလုံးရိုးကျိုးခဲ့၍ အက်သလက်တီကိုကွင်းလယ်လူ တီယာဂို ၄ လ နားရမည်
Next : ခြေသလုံးရိုးကျိုးခဲ့၍ အက်သလက်တီကိုကွင်းလယ်လူ တီယာဂို ၄ လ နားရမည်