ဖီဖာရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖီဖာရွှေဘောလုံးဆု ဆန်ကာတင် ၃ ဦး

တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ပေးအပ်သည့် ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းကို ကြေညာခဲ့ရာတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်လာခဲ့သည်။

ထိုဆန်ကာတင်စာရင်းတွင် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ၈ နှစ်ဆက်တိုက်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးဘောလုံးသမားအား ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ ကြိမ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရပြီး မက်ဆီက ထိုဆုကို ၄ နှစ်ဆက် ရရှိခဲ့ခြင်းအား ချေဖျက်နိုင်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ် နေမာမှာ ယခုစာရင်းတွင် ပထမဆုံးပါဝင်လာခြင်းဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် မက်ဆီမှာ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအတွက်လည်း ဆန်ကာတင်ရွေးချယ်ခံထားရသည်။

ကဏ္ဍအလိုက် ဆန်ကာတင်စာရင်းတွင် ရွေးချယ်ခံထားရသူများ

တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား – ရော်နယ်ဒို၊ မက်ဆီ၊ နေမာ

တစ်နှစ်တာအကောင်းဆုံးနည်းပြ​ – လူးဝစ်အန်းနရစ်၊ ဂွါဒီယိုလာ၊ ဆမ်ပါအိုလီ

တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဘောလုံးသမား – ကာလီလွိုက်၊ အာယာမီယာမာ၊ ဆီလီယာဆာဆစ်

တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးအသင်းနည်းပြ – ဂျီးလ်အီလစ်၊ မာ့ခ်ဆမ်ဆင်၊ ဆာဆာကီ

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုး – ဖလိုရန်ဇီ၊ လီယာ၊ မက်ဆီ

comments

error: Content is protected !!