ဆောက်သမ်တန်နှင့်ပွဲတွင် ကော်တင်ညိုပြန်လည်ပါဝင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာမှပြန်လည်သက်သာလာသည့် ကော်တင်ညို

လီဗာပူးကွင်းလယ်လူ ကော်တင်ညိုသည် ဆောက်သမ်တန်နှင့်ကစားမည့် ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်ဟု လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပြောကြားလိုက်သည်။

ကော်တင်ညိုမှာ မန်စီးတီးအား ၄-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူခဲ့ရသော်လည်း ယမန်နေ့လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်လာခဲ့သည်။

ကော်တင်ညို၏အခြေအနေနှင့်ပတ်သက်၍ ယာဂင်ကလော့ပ်က”စနေနေ့ကတည်းက သူ့အခြေအနေကောင်းနေတာပါ။ ဒါပေမဲ့ ဆွမ်ဆီးနဲ့ပွဲမှာ ထည့်ကစားရင် စွန့်စားရာကျလို့ မထည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုတော့ သူကြံ့ခိုင်မှုအပြည့်ရနေပါပြီ။ ဆောက်သမ်တန်နဲ့ပွဲအတွက် သူအဆင်သင့်ဖြစ်နေလောက်ပါပြီ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!