ပရီးမီးယားလိဂ်၏ ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားအဖြစ် ကာဇိုလာရပ်တည်
|
အာဆင်နယ်ကွင်းလယ်လူ ကာဇိုလာသည် ပရီးမီယားလိဂ်လက်ရှိရာသီတွင် ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။
အသက် ၃၀ အရွယ် စပိန်ကစားသမားကာဇိုလာသည် ယခုရာသီတွင် ဘောလုံးပေးပို့မှု အကြိမ် ၁၀၀၀ ပြည့်ခဲ့သည့် ပထမဆုံးကစားသမားဖြစ်လာကြောင်းသိရှိရပြီး ဒုတိယနေရာမှကစားသမားထက် ၂၂၂ ကြိမ်ပိုမိုကာ ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမား ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် ဘောလုံးပေးပို့မှု ၉၀ ရာခိုင်နှုန်းအောင်မြင်သည့် တစ်ဦးတည်းသော ကစားသမားဖြစ်သကဲ့သို့ မိနစ် ၉၀ အတွင်း အခြားကစားသမားများထက် ပေးပို့မှုပိုမိုအောင်မြင်သူဖြစ်သည်။
ကာဇိုလာသည် ၎င်း၏ဘောလုံးပေးပို့မှုအကြိမ်အရေအတွက်မှ ၆၉.၅ ရာခိုင်နှုန်းကို ပြိုင်ဘက်အသင်းကွင်းဘက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့သည့် နောဝစ်ခ်ျနှင့်ပွဲတွင်လည်း ဘောလုံးပေးပို့မှု ၇၄ ကြိမ်ရှိခဲ့သည်။
ဘောလုံးပေးပို့မှုအကောင်းဆုံးစာရင်းတွင် ဒုတိယနေရာ၌ရပ်တည်နေသည့် ဖာဘရီဂတ်စ်မှာ ပေးပို့မှုအကြိမ်ရေ ၈၁၀ ရှိသည်။
Next : ၂၀၁၄-၁၅ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆု မက်ဆီရရှိ