၂၀၁၄-၁၅ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆု မက်ဆီရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂၀၁၄-၁၅ ရာသီ လာလီဂါအကောင်းဆုံးကစားသမား မက်ဆီ

ဘာစီလိုနာကစားသမား မက်ဆီသည် ၂၀၁၄-၁၅ ဘောလုံးရာသီ၏ လာလီဂါအကောင်းဆုံးကစားသမားဆုအား ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။

မက်ဆီသည် ထိုဆုပေးပွဲသက်တမ်း ၇ နှစ်အတွင်း ၆ ကြိမ်မြောက် ရရှိခြင်းဖြစ်ကာ ထိုဆုအား ရရှိဖူးသည့် အခြားကစားသမားမှာ ယမန်နှစ်က ဆွတ်ခူးခဲ့သည့် ရော်နယ်ဒိုတစ်ဦးသာရှိသည်။

မက်ဆီမှာ အကောင်းဆုံးကစားသမားဆုအပြင် အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြီး ၎င်းရရှိခဲ့သည့် ဆုများနှင့် သွင်းဂိုးများအား သားဖြစ်သူ တီယာဂိုအတွက်ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၄-၁၅ လာလီဂါဘောလုံးရာသီ ကဏ္ဍအလိုက်ဆုရရှိသူများ

အကောင်းဆုံးကစားသမား – မက်ဆီ (ဘာစီလိုနာ)
အကောင်းဆုံးနည်းပြ​- လူးဝစ်အန်းနရစ် (ဘာစီလိုနာ)
အကောင်းဆုံးဂိုးသမား – ဘရာဗို (ဘာစီလိုနာ)
အကောင်းဆုံးနောက်ခံလူ – ရာမို့စ် (ရီးရဲလ်)
အကောင်းဆုံးကွင်းလယ်လူ – ဂျိမ်းစ်ရိုဒရီဂွက်ဇ် (ရီးရဲလ်)
အကောင်းဆုံးတိုက်စစ်မှူး – မက်ဆီ (ဘာစီလိုနာ)
အကောင်းဆုံးအမေရိကန်ကစားသမား – နေမာ (ဘာစီလိုနာ)
အကောင်းဆုံးအာဖရိက ကစားသမား – ဆိုဖီယာနီဖက်ဟိုလီ (ဗလင်စီယာ)
ပရိသတ်အကြိုက်ဆုံးကစားသမား – ရော်နယ်ဒို (ရီးရဲလ်)

comments

error: Content is protected !!