ဆန်းချက်ဇ်ကိုထုတ်သုံးခဲ့ခြင်းအတွက် အာစင်ဝင်းဂါး နောင်တမရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောဝစ်ခ်ျနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဆန်းချက်ဇ်

နောဝစ်ခ်ျနှင့် ၁ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်တွင် ဆန်းချက်ဇ်ကို စွန့်စားသုံးစွဲခဲ့ခြင်းအတွက် နောင်တရခြင်းမရှိဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

ဆန်းချက်ဇ်သည် နောဝစ်ခ်ျနှင့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လူစားလဲခဲ့ရပြီး ကာဇိုလာ၊ ကိုစီယယ်နီတိုကဲ့သို့ ကာလရှည်အနားယူရတော့မည်ဖြစ်သည်။

အာစင်ဝင်းဂါးက ”ဆန်းချက်ဇ်ကို ထုတ်သုံးခဲ့တဲ့အတွက် နောင်တရသလားဆိုရင် နိုးလို့ပဲ ဖြေပါမယ်။ မီဒီယာတွေက ကစားသမားတွေကို အနားပေးဖို့ လိုတယ်လို့ ဆုံးဖြတ်ပေမယ့် သူတို့က ဘောလုံးကစားဖို့ ဒီနေရာမှာရှိနေကြတာပါ။ အနားယူဖို့ ရှိနေတာမဟုတ်ပါဘူး။ ဘယ်ကစားသမားဒဏ်ရာရမလဲဆိုတာ တိတိကျကျခန့်မှန်းနိုင်ဖို့အတွက် ဘယ်သူကမှ သိပ္ပံနည်းကျမသုံးသပ်နိုင်ပါဘူး။ မီဒီယာတွေရောပေါ့။ လူသားဆန်ဆန် ပြောရရင်တော့ ကျွန်တော်တို့ ခန့်မှန်းတဲ့အတိုင်း အားလုံးဖြစ်မလာနိုင်ပါဘူး ။ စမ်းသပ်မှုတွေလုပ်ခဲ့တုန်းက သူ့ပုံစံက အကောင်းအတိုင်းပါပဲ။  ထိခိုက်ဒဏ်ရာ နည်းနည်းရှိတာ ပြဿနာမဟုတ်ပါဘူး။ ဥရောပတစ်ခွင်မှာ အသင်းရဲ့ပွဲတိုင်း ပါဝင်ကစားနေတဲ့ ကစားသမားတွေ အများကြီးပါ ”ဟု ပြောခဲ့သည်။

comments

error: Content is protected !!