လာလီဂါသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရော်နယ်ဒိုရပ်တည်နိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အီဘာနှင့်ပွဲတွင်တွေ့ရသည့် ရော်နယ်ဒို

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် အီဘာအား ၀-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် အသင်းအတွက် ၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် လာလီဂါသွင်းဂိုး ၂၃၄ ဂိုး အထိရှိလာခဲ့ပြီဖြစ်ရာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိလာလီဂါဂိုးသွင်းများဆုံးကစားသမားအဖြစ်  ၁၁ နှစ်အတွင်း သွင်းဂိုးပေါင်း ၂၈၉ ဂိုးအထိသွင်းယူခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ၎င်း၏နောက်တွင် ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း တယ်လ်မိုဇာရာက ၂၅၁ ဂိုးဖြင့် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိကာ  တတိယနေရာတွင် အက်သလက်တီကို၊ ရီးရဲလ်၊ ဗယ်လေကာနို တို့တွင်ကစားခဲ့သည့် ဟူဂိုဆန်းချက်ဇ်နှင့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့က သွင်းဂိုး ၂၃၄ ဂိုးဖြင့် တတိယနေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်။

ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည့် တိုက်စစ်မှူးရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်အသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ၆ နှစ်အတွင်း ယခုကဲ့သို့ ပြိုင်ပွဲတစ်လျှောက် တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!