ဗလင်စီယာနည်းပြအဖြစ်မှ နူနိုအက်စ်ပီရီတို နုတ်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရာထူးမှနုတ်ထွက်ခဲ့သည့် နူနိုအက်စ်ပီရီတို

မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေသည့် စပိန်ကလပ် ဗလင်စီယာမှ နည်းပြ နူနိုအက်စ်ပီရီတိုဆန်တိုမှာ ရာထူးမှ နုတ်ထွက်သွားကြောင်း သိရှိရသည်။

အသက် ၄၁ နှစ်အရွယ် ထိုနည်းပြမှာ ဗလင်စီယာကို ၁ ရာသီသာ တာဝန်ယူခဲ့ပြီး ဆီဗီလာကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့သော ပွဲအပြီးတွင် နုတ်ထွက်ရန် ဆုံးဖြတ်ချက်အား ဆီဗီလာနှင့်ပွဲမတိုင်ခင်ကပင် အသင်းပိုင်ရှင်ပီတာလင်းကို ပြောကြားခဲ့သည်ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ ဖွင့်ဟခဲ့သည်။

ပြီးခဲ့သည့်ရာသီက လာလီဂါအဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သော ဗလင်စီယာမှာ ယခုရာသီ ၁၃ ပွဲတွင် ၅ ပွဲသာ အနိုင်ရထားပြီး ယာယီနည်းပြအမည်အား ကြေညာခြင်းမရှိသေးချေ။

comments

error: Content is protected !!