မန်ယူကို ပရီးမီးယားလိဂ်ဖလား ရစေနိုင်သည့် ကစားသမား ၄ ဦးကို ဂယ်ရီနဗီးလ် ရွေးချယ်ပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အင်္ဂလန်လေ့ကျင့်ရေးကွင်းမှ ဂယ်ရီနဗီးလ်

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်ဖလား ရယူနိုင်ရေးအတွက်  မန်ယူအသင်း ခေါ်ယူရမည့် နာမည်ကျော် ကစားသမားလေးဦးကို ရွေးချယ်ပေးခဲ့သည်။

မန်ယူသည် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၈ ပွဲတွင် ၆ ပွဲအထိ ပေးဂိုးမရှိ ကစားနိုင်ခဲ့သော်လည်း ခံစစ်အသားပေးသည့် ကစားဟန်ကြောင့် မန်ယူနည်းပြ ဗန်ဟားလ်မှာ ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

မန်ယူသည်  ပြီးခဲ့သည့်လပိုင်းအတွင်း ဘာစီလိုနာတိုက်စစ်မှူး နေမာ၊ ရီးရဲလ်တိုက်စစ်အတွဲအဖက်ဖြစ်သည့် ရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့ကို ဆက်သွယ်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ဂယ်ရီနဗီးလ်က ”မန်ယူအတွက် ကစားသမား ၂ ယောက်လောက် ထပ်ခေါ်မယ်ဆိုရင်တော့ ဂါရတ်ဘေးလ်နဲ့ ရော်နယ်ဒိုကို ခေါ်ဖို့ပြောချင်တယ်။ သူတို့ကို ခေါ်လိုက်ရင် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူရဲ့ လက်ရှိတည်ဆောက်မှုပုံစံက ပုံစံခွက်ဆန်လွန်းတယ်။ ပြီးတော့ မန်ယူမှာ နေမာ၊ ဆွာရက်ဇ်တို့လို နိုင်ပွဲရယူပေးမယ့် ကစားသမားတွေ လိုတယ်။ သူတို့တွေက ပွဲကို မြိုင်ဆိုင်စေပြီး ၁ ဂိုး ၂ ဂိုးလောက် သွင်းပေးနိုင်တယ်။ သူတို့အားလုံးကို ခေါ်နိုင်ရင် မန်ယူက ဘာစီလိုနာလို ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ မန်ယူက ပိုင်ဆိုင်မှုအသာစီးယူပြီး ပြိုင်ဘက်အသင်းတွေကို အရူးလုပ်နိုင်လို့ပဲ”ဟု ပြောသည်။

comments

error: Content is protected !!