မော်ရင်ညို၏လုပ်ရပ်ကို ဒီယေဂိုကော်စတာနှင့် ဟာဇက် အပြုသဘောဖြင့် တုံ့ပြန်ဖွယ်ရှိဟု ရုဒ်ဂူလစ်ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လူစားမ၀င်ရ၍ အပေါ်အင်္ကျီဆွဲချွတ်ကာ လွှင့်ပစ်ခဲ့သည့် ကော်စတာ

ဒီယေဂိုကော်စတာနှင့် ဟာဇတ်တို့အပေါ် မော်ရင်ညို၏ ပြုမူဆက်ဆံမှုကြောင့် ကစားသမား ၂ ဦးစလုံး အကောင်းဆုံးပုံစံ ပြန်ရရေးအတွက် အပြုသဘောဆန်ဆန် တုံ့ပြန်ကြလိမ့်မည်ဟု ထင်ရကြောင်း ချဲလ်ဆီးနည်းပြဟောင်း ရုဒ်ဂူလစ်က ပြောသည်။

နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် ၈ ပွဲတွင် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ဒီယေဂိုကော်စတာကို စပါးနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်တွင် မော်ရင်ညိုက အရန်ခုံထိုင်စေခဲ့သည့်အပြင် အဆိုပါပွဲစဉ်မတိုင်မီ မော်ရင်ညိုက ဟာဇက်မှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြနိုင်မည်ဟု မယုံကြည်ကြောင်း ဝေဖန်ခဲ့သည်။

စပါးနှင့်ပွဲစဉ် မစတင်မီ ဒီယေဂိုကော်စတာမှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်ရန် ငြင်းဆန်ခဲ့ပြီး ၎င်းကို လူစားဝင်ကစားခွင့်မပေးခြင်းကြောင့် အပေါ်အင်္ကျီကို လွှင့်ပစ်ကာ မော်ရင်ညို၏ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ပြသခဲ့သည်။

သို့သော်​ ရုဒ်ဂူလစ်က ဒီယေဂိုကော်စတာအနေဖြင့် ကစားသမားများကို ကာကွယ်ပေးလေ့ရှိသည့် မော်ရင်ညိုမှာ စိတ်ဓာတ်ပြတ်သားသူဖြစ်ကြောင်း နားလည်ခဲ့ဖွယ်ရှိပြီး ခြေစွမ်းပြနိုင်ခြင်းမရှိနိုင်ပါက အရန်ခုံတွင်သာ ဆက်ထိုင်နေရမည်ဆိုသည့်အချက်ကို သိရှိသွားနိုင်ကြောင်း ပြောသည်။

ထို့အပြင် ရုဒ်ဂူလစ်က ချဲလ်ဆီးအသင်းကို ၎င်းကိုင်တွယ်ခဲ့စဉ်က မက်ခ်ဟုခ်ျ၏ပုံစံနှင့် ဟာဇက်ကို နှိုင်းယှဉ်ပြခဲ့ရာတွင် အသက်အရွယ်ရနေသည့် မက်ခ်ဟုခ်ျကို ဘောလုံးရချိန်တွင် ပိုမိုအားစိုက်၍ ကစားနိုင်ရန်အတွက် ဘောလုံးမရှိချိန်တွင် ပေါ့ပေါ့ပါးပါး ကစားစေရန် ညွှန်ကြားခဲ့ပြီး ၁၈ ကိုက်စည်းအတွင်းတွင်သာ အားသွန်ခွန်စိုက်ကစားခိုင်းခဲ့သည်ဟု ရုဒ်ဂူလစ်က ပြောသည်။

စပါးနှင့်ပွဲစဉ်တွင် ဟာဇက်မှာ မော်ရင်ညို ညွှန်ကြားခဲ့သည့်အတိုင်း တစ်ကွင်းလုံးလိုက်ကစားခဲ့ခြင်းမှာ အပြုသဘောဆောင်သည့် တုံ့ပြန်မှု ဖြစ်ကြောင်း ရုဒ်ဂူလစ်က ပြောကြားခဲ့သည်။

ဟာဇက်သည် စပါးနှင့်ပွဲစဉ်တွင် ဘောလုံးထိချက် ၇၁ ချက်ရှိခဲ့ပြီး ပြိုင်ဘက်ထံမှ ဘောလုံးပြန်ရရန် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ကြောင်း ရုဒ်ဂူလစ်က ပြောသည်။

comments

error: Content is protected !!