အဂူရို၏ဒဏ်ရာ ထင်ထားသည်ထက် ပိုဆိုး၍ စတုတ်နှင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ခန့်မှန်းထားသည်ထက် ဒဏ်ရာပိုဆိုးဖွယ်ရှိနေသော အဂူရို

ဆောက်သမ်တန်ကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် လူစားလဲခံခဲ့ရသည့် မန်စီးတီး တိုက်စစ်မှူးအဂူရို၏ ခြေထောက်ဒဏ်ရာမှာ အစောပိုင်းက ထင်မှတ်ထားသည်ထက် ပိုဆိုးဖွယ်ရှိနေခြင်း ကြောင့် စတုတ်စီးတီးနှင့် ပွဲစဉ်ကို အဂူရို လွဲချော်နိုင်ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့သည်။

အဂူရိုသည် ဆောက်သမ်တန်နှင့်ပွဲစဉ် ၆၄ မိနစ်တွင် လူစားလဲခံခဲ့ရပြီး အဂူရိုကို ဒဏ်ရာရမည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောခဲ့သည်။

ထို့အပြင် အဂူရိုကလည်း ကွင်းအတွင်းမှ ထွက်ခွာချိန်တွင် အသင်းအတွက် လိုအပ်ပါက မနက်ဖြန်တွင် ထပ်ကစားပေးနိုင်ကြောင်း ဟာသလုပ်၍ ပြောခဲ့သော်လည်း တနင်္ဂနွေနေ့က အဂူရို၏ဒဏ်ရာကို စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် ထင်မှတ်ထားသည်ထက် ဒဏ်ရာပြင်းထန်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် စတုတ်စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၊ မိုချန်ဂလက်ဘတ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်ဟု သိရသည်။

comments

error: Content is protected !!