့အန်ကောအသင်းကို ရှုံးနိမ့်ကာ တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် ရန်ကုန်အသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebyufc
ရန်ကုန်အသင်းတိုက်စစ်မှူးကျော်ကိုကို၏ အန်ကောအသင်းဘက်သို့ထိုးဖောက်ကစားဟန်။

နိုဝင်ဘာ ၂၉။
အောင်သော်ဖြိုး။

တိုယိုတာမဲခေါင်ဖလား ဒုတိယ ပွဲစဉ်အဖြစ် ရန်ကုန်အသင်း နှင့် အန်ကောအသင်းတို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် National Olympic Stadium တွင် ညနေ ၆နာရီတွင် ယှဉ်ပြိုင်ခဲ့ကြပြီး အန်ကောအသင်းက ရန်ကုန်အသင်းကို ၃-၀ ဖြင့် အနိုင်ရခဲ့သည့်အတွက် ရန်ကုန်အသင်းမှာအုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရန်ကုန်အသင်းတွင် ပွဲထွက်လူစာရင်းတွင် စာချုပ်သက်တမ်းတိုးခဲ့သည့် ဂိုးသမား ဖာနန်ဒို ပါဝင်လာခဲ့ပြီး ခင်မောင်လွင်၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း၊ ဇာနည်ထက်၊ ရန်အောင်ကျော်၊ ဇွန်မိုးအောင်၊ ပြည့်ဖြိုးအောင်၊ ကျော်ကိုကို၊ ကြည်လင်း နှင့်အက်ဒီဆင်တို့ ပါဝင်လာခဲ့သည်။

ရန်ကုန်အသင်း ပထမပိုင်းတွင် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး အန်ကောအသင်းကလည်း တန်ပြန်တိုက်စစ်မှ ရန်ကုန်အသင်းဘက်သို့ဂိုးသွင်းယူနိုင်ရေးကြိုးပမ်းခဲ့ပြီး ၂၆မိနစ်တွင် ရန်ကုန်တိုက်စစ်မှုး အက်ဒီဆင် ဂိုးစည်းအတွင်း ကန်သွင်းမှု ဂိုးဘားတန်းပေါ်မှ ထွက်ခဲ့သည့်အတွက်ရန်ကုန်အသင်း နစ်နာခဲ့သည်။

yufc

အဖွင့်ဂိုးသွင်းယူနေသည့်paul omogba။Photo: sovannakem

ပွဲချိန် ၂၉မိနစ်တွင် ကျော်ကိုကို ဂိုးဧရိယာအတွင်း ထိုးဖောက်တိုက်စစ်ဆင်လာပြီး အနီးကပ်ပိတ်သွင်းမှုကို အန်ကောဂိုးသမား ကာကွယ်နိုင်ခဲ့သလိုပွဲချိန် ၃၉မိနစ်တွင် ကြည်လင်းကန်သွင်းမှု ဂိုးတိုင်ထိထွက်ခဲ့သဖြင့် ရန်ကုန်အသင်းနစ်နာခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေ ရလဒ်သာထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်း ၅၁မိနစ်တွင် အန်ကောအသင်းမှ Paul Omogba အပိုင်ခေါင်းတိုက်ကာ အန်ကောအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် မိနစ် ၆ဝတွင် ရန်ကုန်အသင်းက ရန်အောင်ကျော်အစား ကောင်းဆက်နိုင်ကို ထည့်သွင်းကစားခဲ့ပြီး ၆၃မိနစ်တွင် ရန်ကုန်ဂိုးသမား ဖာနန်ဒို အန်ကောတိုက်စစ်မှူး ဆင်မြူရယ် အပိုင်ကန်သွင်းမှုကို ကာကွယ်နိုင်ခြင်းမရှိဘဲ ဒုတိယ ဦးဆောင်ဂိုးပေးခဲ့ရသည်။

ဦးဆောင်ဂိုး နှစ်ဂိုးပေးလိုက်ရပြီးနောက် ရန်ကုန်အသင်း ချေပဂိုးရရှိရေး ပိုမို အရှိန်မြှင့်ကြိုးပမ်းလာခဲ့ပြီး အန်ကောအသင်းက နောက်တန်းတွင် ပိတ်ဆို့ ကစားနေခဲ့သည်။ ပွဲချိန် ၇၂ မိနစ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောရခဲ့ပြီး တိုက်ရိုက်ကန်သွင်းမှု ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သဖြင့် ချေပဂိုးရရှိမည့် အနေအထားမှ လွဲခဲ့သည်။

yufc1

နောက်တန်းကစားသမားများလူကပ်ပုံအားနည်းမှုမှာ ဒုတိယဂိုးအားGbenga မှသွင်းနေစဉ်။ photo: sovannakem

နောက်ပိုင်းပွဲချိန်များတွင် ရန်ကုန်အသင်း တစ်သင်းလုံး တိုက်စစ်ဆင်ကစားမှုကြောင့် တစ်ခါတစ်ရံပြိုင်ဘက်အသင်း၏ တန်ပြန်တိုက်စစ်များကို ဂိုးသမား အသည်းအသန် ကာကွယ်ခဲ့ရသည်။
ပွဲချိန် ၈၇ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အန်ကောအသင်း အပိုင်အခွင့်အရေး တစ်ကြိမ်ရခဲ့ပြီး ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်ကန်သွင်းရာ ရန်ကုန်ဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သဖြင့်
ရန်ကုန်အသင်း သက်သာခဲ့သော်လည်း ပွဲချိန် ၈၇ မိနစ်တွင် အန်ကောအသင်းတိုက်စစ်မှူးpaul omogbaကရန်ကုန်အသင်း နောက်တန်းကစားများ၏လူကပ်ကစားပုံ အားနည်းမှုကို
အခွင့်ကောင်းယူကာ အပိုင်းကန်သွင်းသွားခဲ့ပြီး တတိယမြောက် ဦးဆောင်ဂိုးရရှိခဲ့သည်။

ချေပဂိုးရရှိရေးအတွက် နောက်ပိုင်းမိနစ်များတွင် ရန်ကုန်အသင်း တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း အန်ကောအသင်းက ခံစစ်တွင် ပိတ်ဆို့ ကစားနေခဲ့ပြီး နာကျင်အချိန်ပိုတွင် ဒေးဗစ်ဒန်းပေးပို့သည့်
ဘောလုံးကို ကျော်ကိုကို အပြင်းကန်သွင်းသော်လည်း ဂိုးသမား ကာကွယ်ခဲ့သဖြင့် ပွဲအပြီးတွင် အန်ကောအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။

ရန်ကုန်အသင်းကို လာအိုတိုယိုတာအသင်းနှင့် ပွဲစဉ်တွင် စတင်ကိုင်တွယ်ခဲ့သည့် မနောမြေနည်းပြဟောင်း အီမာဆင်သည် လာအိုတိုယိုတာအသင်းနှင့် ပွဲစဉ်တွင် ၅-၂ ဖြင့် အနိုင်ရအောင်သာစွမ်းဆောင်နိုင်ခဲ့ပြီး တိုက်စစ်မှူးသစ် အက်ဒီဆင်သည်လည်း ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယနေ့ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

comments

error: Content is protected !!