ဝှိုက်ဟတ်လိန်းမှာ အပြန်အလှန်ကစားပြီး သရေ ၁ မှတ်စီ စပါးနဲ့ ချဲလ်ဆီးခွဲယူ
Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - NOVEMBER 29:  Harry Kane of Tottenham Hotspur is foiled by Asmir Begovic and Gary Cahill of Chelsea during the Barclays Premier League match between Tottenham Hotspur and Chelsea at White Hart Lane on November 29, 2015 in London, England.  (Photo by Shaun Botterill/Getty Images)
ဟာရီကိန်း၏ထိုးဖောက်မှုအား ချဲလ်ဆီးဂိုးသမားဘီဂိုဗစ်နှင့် ကာဟေးလ်တို့ကာကွယ်နေစဉ်။
အမှတ်ပေးဇယားအောက်ကိုရောက်နေတဲ့ချဲလ်ဆီးအသင်းဟာ အဝေးကွင်းမှာ အိမ်ရှင်စပါးအသင်းကို အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့်သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ ပေမယ့်  သေချာပေါက်ဂိုးရလုနီးပါးအခြေအနေတွေကို ဖန်တီးနိုင်ခဲ့ခြင်းမရှိတာကြောင့်လည်း အခုလိုရလဒ်မျိုးထွက်ပေါ် လာခဲ့ရတာပါ။
နှစ်သင်းစလုံးတိုက်စစ်ဦးစားပေးတဲ့ ၄-၃-၃ ပုံစံကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဝီလျံ၊ ပီဒရိုတို့ကိုတိုက်စစ်မှာ အထောင်ထားပြီး ကွင်းလယ်မှာ မာတစ် ၊ ဖာဘရီဂတ် ၊ အော်စကာ တို့ပါဝင်လာခဲ့ပါတယ်။ စပါးအသင်းတိုက်စစ်ကိုလည်း ဟာရီကိန်း ၊ အဲရစ်ဆင် ၊ ဆွန်မင်ယောင်တို့က ဦးဆောင်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတာနဲ့ အိမ်ရှင်စပါးအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ချဲလ်ဆီး နောက်တန်းကို လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ကစားခဲ့ပါတယ်။
အစောပိုင်းမှာအိမ်ရှင်စပါးအသင်းဟာ ထိုးဖောက်ကန်သွင်းခွင့်တွေရခဲ့သလို တိုက်စစ်မှုး ဟာရီကိန်း ရဲ့ ကန်သွင်းမှုကိုလည်း ချဲလ်ဆီးဂိုးသမားဘီဂိုဗစ်ကာကွယ်နိုင်ခဲ့လို့သာ ချဲလ်ဆီးစောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးအသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ချဲလ်ဆီးကွင်းလယ်က ဖာဘရီဂတ် ၊ အော်စကာတို့ ဂိုးသွင်းခွင့်တွေဖန်တီးပေးခဲ့ပေမယ့် တိုက်စစ်မှုးတွေအသုံးမချနိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဟာဇက်ရဲ့ အပိုင်ခေါင်းတိုက်ဂိုးသွင်းမှု လွဲချော်ခဲ့သလို ပက်ဒရိုအဝေးဘောကန်သွင်းမှုတွေ အရာမရောက်ခဲ့တာတွေက နစ်နာခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးရဖို့အတွက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေလွဲချော်နေခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၆၃ မိနစ်မှာ ဆွန်မင်ယောင်ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခဲ့ပေမယ့် ကန်ချက်ပျော့ခဲ့တာကြောင့် ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ချဲလ်ဆီးအသင်းကလည်း ပြန်လှန်ထိုးဖောက်ကန်သွင်းခွင့်တွေရခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ အီဗန်နိုဗစ် မတင်ပေးလိုက်တာကို ဟာဇက်မြေမကျဘော ကန်သွင်းခဲ့ပေမယ့် စပါးဂိုးသမားအယ်လ်လိုရစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ စပါးအသင်းဟာ လာမယ်လာ ၊ အန်ဂျီတို့ကို ထည့်သွင်းပြီးတိုက်စစ်အရှိန်မြှင့်ကစားခဲ့ပေမယ့် ချဲလ်ဆီးနောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့သလို တိုက်စစ်မှုးတွေကလည်း ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ချဲလ်ဆီးအသင်းဟာ ပက်ဒရို ၊ ဝီလျံ တို့ကိုထုတ်ပြီး ကနေဒီ ၊ လော့တပ်စ်တို့ကို ထည့်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တာကြောင့် ပွဲအပြီးမှာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။
အခုပွဲသရေရလဒ်ကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄)ပြီးဆုံးချိန်မှာ အဆင့်(၅)နေရာ ရပ်တည်နိုင်ခဲ့ပြီး ချဲလ်ဆီးကအဆင့်(၁၅)နေရာမှာ ရပ်တည်နိုင်နေခဲ့ပါတယ်။
comments
error: Content is protected !!