ဆက်လက်ဂိုးသွင်းနိုင်ရန် ကြိုးပမ်းဦးမည်ဟု စံချိန်ရှင်ဗာဒီ ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebvardy
မန်ယူဘက်သို့ဂိုးသွင်းပြီး စံချိန်သစ်တင်သူဖြစ်လာသည့် ဗာဒီအောင်ပွဲခံနေစဉ်။

လက်စတာတိုက်စစ်မှူးဗာဒီသည် နစ္စတယ်ရွိုင်းတင်ထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၁၀)ပွဲဆက်တိုက် ဂိုးသွင်းသည့်မှတ်တမ်းအား ပထမဦးဆုံးချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

ဗာဒီသည် မန်ယူနှင့် (၁-၁)ဂိုးသရေကျခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့သည့်အတွက်ကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၁၁ပွဲဆက်တိုက်ဂိုးသွင်းနိုင်သူဖြစ်လာခဲ့သည်။

နစ္စတယ်ရွိုင်းသည် ၂၀၀၃ဘောလုံးရာသီက ပရီးမီးယားလိဂ် ၁၀ပွဲဆက်တိုက်ဂိုးသွင်းကာ စံချိန်တင်ထားနိုင်သူဖြစ်သည်။မန်ယူနှင့်ပွဲစဉ်တွင် ဗာဒီဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၎င်းသွင်းဂိုးမှာ ၁၄ဂိုးရှိလာခဲ့ပြီဖြစ်သည်။

စံချိန်သစ်တင်နိုင်ခဲ့သူဗာဒီမှာ လွန်ခဲ့သည့် ၄နှစ်က ပရိသတ်၇၀၀ကျော်အားပေးသည့် အပျော်တန်းလိဂ်အသင်းတစ်သင်းတွင်ကစားခဲ့သူဖြစ်ကာ စံချိန်သစ်ရေးထိုးနိုင်ပြီးနောက်”စံချိန်ဆိုတာကို ကျွန်တော်စိတ်ထဲမှာ မထားပါဘူး။ ဒီအရာက ကျွန်တော့်စွမ်းဆောင်ရည်နဲ့ အသင်းရဲ့ပုံစံကို အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ အရာတိုင်းက နောက်ဆုံးအရာဖြစ်ပါစေ ကျွန်တော်ဒါကို လုပ်ချင်ပါတယ်။အိမ်မှာတုန်းက စံချိန်နဲ့ပတ်သက်ပြီးတွေးခဲ့ပေမယ့် ဘောလုံးအပေါ်ပဲ အာရုံစိုက်သင့်တယ်လို့ တွေးလိုက်မိတယ်။ ဒါကြောင့်လည်း ဒီလိုမျိုးအခြေအနေကောင်းတစ်ခုဖြစ်လာတာပါ။ နောက်ထပ် ကျွန်တော်ဒါမျိုးဆက်လုပ်ပါဦးမယ်”ဟုပြောခဲ့သည်။

ထို့အပြင် လက်စတာနည်းပြရာနီရေနီက ဗာဒီ၏မှတ်တမ်းမှာ အံသြဖွယ်ရာပင်ဖြစ်ကြောင်း၊ မန်ယူနှင့်ပွဲတွင် မိမိတို့ ပစ်မှတ်၂ခုထားခဲ့ပြီး နိုင်ပွဲရအောင်ကစားရန်နှင့် ဗာဒီစံချိန်ချိုးနိုင်ဖို့ပင်ဖြစ်ကြောင်း၊ဗာဒီမှာ စံချိန်သစ်တင်နိုင်ခဲ့ပြီး ယင်းမှာ အားလုံးအတွက် အံသြဖွယ်ရာဖြစ်ကြောင်း၊ လွန်ခဲ့သော၅နှစ်က အပျော်တန်းလိဂ်တွင်ကစားခဲ့သော်လည်း လျင်မြန်စွာတိုးတက်လာရန်မှာ ခက်ခဲမည်ဖြစ်ကြောင်း၊ အံသြဖွယ်ရာလူသားဗာဒီမှာ မိမိတို့အသင်းအတွက် ဂိုးသွင်းသူသာမကာဘဲ ဖိအားပေးနိုင်သူ၊ အလုပ်ကြိုးစားသူနှင့် အရေးပါသူပင်ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ဗာဒီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်သာ စံချိန်တင်ထားနိုင်သော်လည်း ၁၉၃၁-၃၂ အင်္ဂလန်ဘောလုံးရာသီတွင် ရှက်ဖီးယူနိုက်တက်ကစားသမား ဂျင်မီ ဒန်နီတင်ထားသည့် ၁၂ ပွဲဆက်တိုက်ဂိုးသွင်းနိုင်သူမှတ်တမ်းကိုမီရန်လိုအပ်နေဆဲဖြစ်သည်။

comments

error: Content is protected !!