သြစတေးလျကလပ်အသင်းကို အနိုင်ရကာ MIC ဖူဆယ်အသင်း တတိယဆုရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
39dec0224477aee5cf782f0ad59aa645
တတိယလုပွဲတွင် MIC ဖူဆယ်အသင်းနှင့် သြစတြေးလျဖူဆယ်အသင်းEast Cost Heat FC အသင်းတို့ယှဉ်ပြိုင်နေစဉ်။

နိုဝင်ဘာ ၂၉။
အောင်သော်ဖြိုး။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၂ရက်နေ့မှ ၂၉ရက်နေ့ အထိကျင်းပခဲ့သည့်AFF INVITATIONAL CLUB CHAMPIONSHIP 2015 ကို ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ ဖူဆယ်ကလပ် MIC အသင်းသည် တတိယလုပွဲတွင် သြစတေးလျ ကလပ်East Cost Heat FC နှင့် ယှဉ်ပြိုင်ခဲ့ပြီး ၄-၂ ဂိုးဖြင့် အနိုင်ရကာ တတိယဆုကို ရရှိခဲ့ကြောင်းသိရသည်။

MIC အသင်းသည် ဗီယက်နမ် ကလပ် Sanna Khanh Hoa FC၊ ထိုင်းကလပ် Thaiport ၊ သြစတေးလျ ကလပ် East Cost Heat FC၊ မလေးရှားကလပ် Felda United FC တို့နှင့် အုပ်စုတွင်း ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းကလပ်အသင်းThaiport တစ်သင်းတည်းကိုသာ ၄-၀ ဖြင့်ရှုံးနိမ်ခဲ့ပြီး ကျန်အသင်းများနှင့် သရေကစားနိုင်ခဲ့သော်လည်းတတိယနေရာအတွက် သြစတေးလျကလပ် East Cost Heat FC နှင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။

MIC အသင်းအနေဖြင့် ခံစစ်အကူးအပြောင်းတွင် မထိန်းနိုင်ခြင်း နှင့် ဂိုးသွင်းခွင့်များကို အသုံးမချနိုင်ခြင်းကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံ အများကြီးရလိုက်ပြီး တတိယဆု ရရှိခဲ့သည့်အတွက် အပင်ပန်းခံရကြိုးနပ်ခဲ့ကြောင်း နည်းပြဖြစ်သူ ဦးသန်းဝဏ္ဏအောင် ကဆိုသည်။

AFF INVITATIONAL CLUB CHAMPIONSHIP 2015 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် MIC အသင်း နှင့်အတူ အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းက ACE ကလပ်အသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုနောက်ဆုံးနေရာမှ ထွက်ခွာခဲ့ရသည်။

AFF INVITATIONAL CLUB CHAMPIONSHIP 2015 ဗိုလ်လုပွဲအဖြစ် ထိုင်းကလပ် Thaiport အသင်းနှင့် မလေးရှားကလပ် Felda United FC တို့တွေ့ဆုံခဲ့ပြီး အမျိုးသမီး ဗိုလ်လုပွဲတွင် Thai Sin Nam District FC အသင်းနှင့် သြစတေးလျကလပ် Dual Warriors အသင်းတို့ နိုဝင်ဘာလ ၂၉ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
mic

comments

error: Content is protected !!