ပရီးမီးယားလိဂ်သို့လာခဲ့ပါက ဂွါဒီယိုလာ မန်ယူအသင်းနည်းပြဖြစ်လာဖွယ်ရှိကြောင်း Daily Mail သတင်းစာဖော်ပြ
|
ဘိုင်ယန်မြူးနစ် အသင်းနှင့်လာမည့်နွေရာသီတွင် စာချူပ်သက်တမ်း ကုန်ဆုံး တော့မည်ဖြစ်သောနည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်တွင်နည်းပြရန်ဆုံးဖြတ်ခဲ့ပါကာ မန်ယူအသင်းကိုသာနည်းပြဖွယ်ရှိနေကြောင်း ယင်းနည်းပြနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာ သောသတင်းများအား အင်္ဂလန်နေ့စဉ်ထုတ်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။
ဘိုင်ယန်မြူးနစ်အနေဖြင့် စာချုပ်သက်တမ်းအနည်းငယ်သာကျန်တော့သည့် နည်းပြဂွါဒီယိုလာအား သက်တမ်းတိုးလိုနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ဘိုင်ယန်မြူးနစ်အထွေထွေအစည်းအဝေးတွင် အထွေထွေအမှုဆောင်ချုပ် ကားလ်ရူမင်နစ်ဂီက ဂွါဒီယိုလာနေရာအခြားနည်းပြနှင့် အစားထိုးရန်မှာ ခက်ခဲမည်ဖြစ်ကြောင်းသိရသည်။
မန်စီးတီးအသင်းသည် ဘာစီလိုနာတွင် ဂွါဒီယိုလာရှိစဉ်ကတည်းက ခေါ်ယူရန်ကြိုးစားခဲ့ဖူးပြီး ဂျူဗင်တပ်အသင်းအား အဝေးကွင်းတွင် ၁-၀ ဂိုး ဖြင့် အရေးနိမ်ခဲ့ပြီးနောက် ရာသီအကုန်တွင် နည်းပြပယ်လီဂရီနီအား ထုတ်ပယ်တော့ မည်ဟု သတင်းစာ များက ဖော်ပြခဲ့ချိန်တွင် ဂွါဒီယိုလာမှာ မန်စီးတီးသို့ ရောက်ရှိဖွယ်ရှိနေသော်လည်း ဂွါဒီယိုလာမှာ မန်ယူကိုသာ နည်းပြလိုကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော်မန်ယူအသင်းမှာ နည်းပြဗန်ဟားလ်နှင့် ၂၀၁၇ ခုနှစ်အထိ စာချူပ်ကျန်ရှိနေသေးသောကြောင့် ဂွါဒီယိုလာမှာ ဘိုင်ယန်မြူးနစ်နှင့်လည်း စာချုပ်သက်တမ်းမတိုးဖြစ်ပါက မန်ယူနည်းပြဖြစ်လာရန် ၁ နှစ်စောင့်ဆိုင်းရမည်ဖြစ်သည်။
ဟာသာဘာလင်အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲအပြီးတွင် မီဒီယာများက အနာဂတ်တွင် မည်သည့် အသင်းအားနည်းပြမည်ဆိုသည့် မေးခွန်းအား ဂွါဒီယိုလာက “ဟင့်အင်း။ နောက်မေးခွန်းထပ်မေးပါ။ ကျေးဇူးပြုပြီး ဒီမေးခွန်းကိုမသွားပါနဲ့”ဟုဖြေကြားခဲ့သည်။
Next : ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်ယူ၊မန်စီးတီး၊အာဆင်နယ်၊လီဗာပူးနှင့် စပါးအသင်းတို့အားပြိုင်ရမည်ဟု အွန်နရီ သုံးသပ်