ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်ယူ၊မန်စီးတီး၊အာဆင်နယ်၊လီဗာပူးနှင့် စပါးအသင်းတို့အားပြိုင်ရမည်ဟု အွန်နရီ သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ST ALBANS, ENGLAND - SEPTEMBER 15:  Thierry Henry and Ryan Garry Arsenal Coach during the U19 training session at London Colney on September 15, 2015 in St Albans, England.  (Photo by David Price/Arsenal FC via Getty Images)
အာဆင်နယ်ယူ-၁၉နည်းပြအွန်နရီအားနည်းပြအဖွဲ့ဝင်ရွိုင်ယန်နှင့်တွေ့ရစဉ်။

အာဆင်နယ်ယူ-၁၉အသင်းနည်းပြ အွန်နရီက ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အသင်း ၅ သင်းအားပြိုင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အွန်နရီက ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိရန်  မန်ယူ၊ မန်စီးတီး ၊ အာဆင်နယ် ၊ စပါး ၊ လီဗာပူး တို့ အခွင့်အရေးရှိနေကြောင်း ဆိုခဲ့ပြီး လက်ရှိအချိန်တွင် ခြေစွမ်းပြနေသော လက်စတာအသင်းမှာ အွန်နရီ၏ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းများ စာရင်းထဲတွင် မပါဝင်ခဲ့သလို ခြေစွမ်းကျဆင်းနေသော မော်ရင်ဟို၏ချဲလ်ဆီးအသင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ချေ။

“ ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအတွက် အသင်း ၅ သင်းပြိုင်ဆိုင်ရမှာဖြစ်ပြီး မန်ယူ ၊ မန်စီးတီး ၊ အာဆင်နယ် ၊ စပါး အသင်းတို့မှာ အခွင့်အရေးရှိနေသလို လီဗာပူးအသင်းကလည်း ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိပါတယ်’’ ဟု အွန်နရီက The Sun သတင်းစာသို့ပြောကြားခဲ့သည်။

ချဲလ်ဆီးအသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအား စိန်ခေါ်နိုင်စွမ်းရှိသောအသင်းများစာရင်းထဲတွင် မထည့်သွင်းခဲ့ခြင်းအကြောင်းနှင့်ပတ်သက်၍ အွန်နရီက ချဲလ်ဆီးအသင်းမှာ လက်ရှိခြေစွမ်းအရ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန်မလွယ်ကူတော့သလို ပြီးခဲ့သည့်နှစ်ခြေစွမ်းအတိုင်းသာ ကစားခဲ့ပါက လက်ရှိအချိန်တွင်ပြိုင်ဘက်အသင်းများကို ၁၀ မှတ်ဖြတ်၍ ဦးဆောင်နိုင်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။

comments

error: Content is protected !!