ဆိုစီဒက်အားဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄မှတ်အသာဖြင့် ဘာစီလိုနာ ဆက်လက်ဦးဆောင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
BARCELONA, SPAIN - NOVEMBER 28:  Neymar (C) of FC Barcelona celebrates with his teammates Luis Suarez (L) and Lionel Messi of FC Barcelonaa after scoring his team's third goal of FC Barcelonaduring the La Liga match between FC Barcelona and Real Sociedad de Futbol at Camp Nou on November 28, 2015 in Barcelona, Spain.  (Photo by David Ramos/Getty Images)
ဆိုစီဒက်ဘက်သို့ ဂိုးသွင်းပြီးနောက် မက်ဆီ၊နေမာနှင့် ဆွာရက်ဇ်တို့အောင်ပွဲခံနေစဉ်။

ဘာစီလိုနာအသင်းသည် ဆိုစီဒက်အား၎ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူးမက်ဆီသည် ဒဏ်ရာကြောင့်၂လကြာနားနေရာမှ ၎င်းအတွက် ပထမဦးဆုံးလာလီဂါဂိုးကို သွင်းယူနိုင်ခဲ့သည်။မက်ဆီသည် စက်တင်ဘာ ၂၆ ရက်နေ့က လက်စ်ပါးမက်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆိုစီဒက်အသင်းအား နေမာ ၊ ဆွာရက်ဇ်တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့ပြီး မက်ဆီက မိနစ် ၉၀ တွင် နေမာ၏ဖြတ်တင်ဘောမှတစ်ဆင့် မက်ဆီ ဂိုးသွင်းယူနိုင်ခဲ့သည်။

အမှတ်ပေးဇယားဒုတိယနေရာမှ အက်သလက်တီကိုအသင်းမှာ အက်စ်ပန်ညိုအား၁ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကာ ရီးရဲလ်မက်ဒရစ်အနေဖြင့် ယနေ့ညတွင် အီဘာအသင်းအား အနိုင်ရမှသာ ၆မှတ်ကွာဟချက်အထိ လျှော့ချနိုင်မည်ဖြစ်သည်။

အခြားသတင်းတစ်ရပ်အရ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီအား ခေါ်ယူရန် မန်စီးတီးအသင်းက အလိုရှိနေကြောင်း မန်စီးတီးနောက်ခံကစားသမား ဒီမစ်ချယ်လီက ထုတ်ဖော်ပြောကြားခဲ့သည်။ မက်ဆီအားခေါ်ယူရန် မန်စီးတီးအသင်းကြိုးစားနေသည်မှာ မှန်သော်လည်း ခက်ခဲမှုများရှိမည်ဖြစ်ကြောင်း ၊ အသင်းတိုင်းက မက်ဆီကဲ့သို့သော ကစားသမားမျိုးကို ခေါ်ယူရန် အလိုရှိနေကြောင်း ဒီမစ်ချယ်လီက ဆိုသည်။

comments

error: Content is protected !!