ကြွက်သားဒဏ်ရာကြောင့် ရီးရဲလ်နောက်ခံလူ ဗာရာနီ ၃ ပတ်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာကြောင့် ၃ ပတ်နားရမည့် ဗာရာနီ

ရီးရဲလ်နောက်တန်းကစားသမား ဗာရာနီသည် ရှက်တာဒိုးနက်အသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးစစ်မှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း၊ အနည်းဆုံးရက်သတ္တပတ် ၃ ပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း အသင်းက အတည်ပြုခဲ့သည်။

ယင်းအတွက်ကြောင့် ရီးရဲလ်အသင်း၏နောက်တန်းတွင် အဓိကကစားသမားများဖြစ်သည့် ပီပီ၊ ရာမို့စ် တို့ဒဏ်ရာရရှိနေချိန်တွင် ဗာရာနီဒဏ်ရာထပ်မံရရှိခဲ့သည့်အတွက် အသင်းအတွက်နစ်နာကြောင်း နည်းပြ ဘင်နီတက်ဇ်က မှတ်ချက်ပြုခဲ့သည်။

အနည်းဆုံးရက်သတ္တပတ် ၃ ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေသည့် ဗာရာနီအနေဖြင့် အီဘာ၊ ဂီတာဖေး တိုနှင့်ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များအပြင် ဆွီဒင်ကလပ်မယ်လ်မိုနှင့် ရင်ဆိုင်ရမည့်  ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုပါ လွဲချော်ရဖွယ်ရှိနေခဲ့သည်။

comments

error: Content is protected !!