အပျော်တမ်းလိဂ်အကယ်ဒမီတစ်ခုအား လက်စတာတိုက်စစ်မှူးဗာဒီ တည်ထောင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အပျော်တမ်းလိဂ်အတွက် အကယ်ဒမီတည်ထောင်လိုက်သည့် ဗာဒီ

လက်စတာတိုက်စစ်မှူးဗာဒီသည် အပျော်တမ်းလိဂ်မှ အရည်အသွေးရှိကစားသမားများကိုရှာဖွေနိုင်ရန် အကယ်ဒမီတစ်ခုထူထောင်လိုက်ကြောင်း သိရှိရသည်။

ဗာဒီမှာ ၂၀၁၂ ခုနှစ်တွင် လက်စတာသို့ရောက်ရှိလာပြီး ထိုအချိန်မတိုင်မီက အပျော်တမ်းလိဂ်တွင် ကစားခဲ့သော်လည်း ယခုရာသီတွင် ပရီးမီယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ထိပ်ဆုံး၌ရပ်တည်နေပြီး ပရီးမီယားလိဂ် ၁၀ ပွဲဆက် ဂိုးသွင်းယူထားသည်။

V9 အကယ်ဒမီဟု အမည်ပေးထားသည့် ယခုအကယ်ဒမီနှင့်ပတ်သက်ပြီး ဗာဒီက”ရွက်ပုန်းသီးကစားသမားတွေကို ဖော်ထုတ်ဖို့နဲ့ ကစားသမားတွေ ဘောလုံးပွဲတွေနဲ့ မဝေးကွာသွားစေဖို့ ရည်ရွယ်ပါတယ်။ အဲဒီအဆင့်က ကစားသမားတွေရဲ့အနေအထားကို ကျွန်တော်သိတယ်။ သူတို့အတွက် အခွင့်အရေးလိုအပ်တယ်။ အဲဒီအဆင့်မှာ ကစားသမားတွေက အချိန်မတိုင်ခင် ဘောလုံးပွဲတွေကို ကျောခိုင်းသွားကြတာများလို့ အခုလို အကယ်ဒမီတည်ထောင်လိုက်တာပါ”ဟု ဆိုသည်။

comments

error: Content is protected !!