စပါးနှင့်ပွဲအတွက် တယ်ရီကြံ့ခိုင်မှုပြည့်မည်ဟု ချဲလ်ဆီးမျှော်လင့်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဂျွန်တယ်ရီ

ချဲလ်ဆီးနည်းပြမော်ရင်ညိုက အသင်းခေါင်းဆောင်ဂျွန်တယ်ရီမှာ စပါးနှင့်ကစားရမည့် တနင်္ဂနွေနေ့ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။

အသက် ၃၄ နှစ်အရွယ် အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး စပါးနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ဟု အစောပိုင်းက မော်ရင်ညိုမှ ထုတ်ဖော်ပြောကြားထားသော်လည်း ယမန်နေ့ကမူ ကစားနိုင်ဖွယ်ရှိသည်ဟု ပြန်လည်ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ သူလေ့ကျင့်ခန်းမဆင်းနိုင်ပေမယ့် ကစားနိုင်လောက်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ သူဝင်ကစားဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ သူတကယ်ဝင်ကစားဖြစ်ရင် ကျွန်တော်က စကားလျှိုခဲ့တယ်လို့ အပြောခံရမှာစိုးလို့ပါ”ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။

comments

error: Content is protected !!