လာလီဂါပွဲစဉ် ၁၇ မှ ပွဲအချို့ အချိန်ပြောင်းလဲ ကျင်းပမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ခရစ္စမတ်ကာလတွင် ဗလင်စီယာနှင့်ကစားရမည့် ဗီလာရီးရဲလ်

လာလီဂါတာဝန်ရှိသူများသည်  ပုံမှန်သတ်မှတ်ထားသည့် လာလီဂါပွဲစဉ် ၁၇ ပွဲစဉ်အများစုမှာ ခရစ္စမတ်နားရက်ကာလအတွင်းရောက်ရှိနေသည့်အတွက် ပွဲစဉ်အချို့ကိုအချိန်ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် ပွဲစဉ် ၉ ပွဲ၊ ၃၁ ရက်နေ့တွင် ၁ ပွဲပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အစောပိုင်းကာလတွင်  အဆိုပါပွဲစဉ် ၁၇ အား ဒီဇင်ဘာ ၃၀ ရက်တွင် ၅ ပွဲ၊ ဒီဇင်ဘာ ၃၁ ရက်တွင် ၅ ပွဲ ကျင်းပရန် ပွဲစဉ်ဇယားရေးဆွဲထားခြင်းဖြစ်သော်လည်း အသင်းအများစု၏တောင်းဆိုမှုကြောင့် ခရစ္စမတ်အားလပ်ရက်ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ယခုကဲ့သို့ ပွဲစဉ်များရွှေ့ဆိုင်းကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ပွဲချိန်ပြောင်းလဲခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၃၁ရက်နေတွင် ရီးရဲလ်-ဆိုစီဒက်၊ ဘာစီလိုနာ-ဘက်တစ်ပွဲစဉ်များအပါအ၀င် ပွဲစဉ် ၉ ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁တွင် ဗလင်စီယာဒါဘီပွဲစဉ်ဖြစ်သည့် ဗီလာရီးရဲလ်နှင့် ဗလင်စီယာ တို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အစောပိုင်းကာလတွင် လာလီဂါတာဝန်ရှိသူများအနေဖြင့် ယင်းပွဲစဉ်တစ်ခုလုံးအား ရွှေ့ဆိုင်းရန် စီစဉ်ခဲ့သော်လည်း လက်ရွေးစင်အသင်းကြီး၏ ယူရို-၂၀၁၆ လေ့ကျင့်ရေးအချိန်များလျော့နည်းသွားဖွယ်ရှိနေသည့်အတွက် ယခုကဲ့သို့ ကြားရက်ကာလအတွင်း ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!