တန်းမဆင်းရရန် အာမမခံနိုင်ဟု အလာဒိုက်စ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
တန်းမဆင်းရရန် အာမခံချက်မပေးနိုင်ဟုဆိုထားသည့် အလာဒိုက်စ်

ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်က လက်ရှိအသင်းရလဒ် ကောင်းမွန်နေသော်လည်း ပရီးမီယားလိဂ်တွင် ဆက်လက်ကစားခွင့်ရမည်ဟု အာမခံချက်မပေးနိုင်ကြောင်း ဖွင့်ဟလိုက်သည်။

လက်ရှိအချိန်တွင် ပရီးမီယားလိဂ်အမှန်ပေးဇယား အဆင့် ၁၈ နေရာတွင်ရှိနေသော ဆန်းဒါးလန်းကို တာဝန်ယူထားသည့် အလာဒိုက်စ်မှာ ဘော်လ်တန်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်းတို့ကို တာဝန်ယူဖူးပြီး ၎င်းလက်ထက်တွင် ထိုအသင်းများမှာ တန်းဆင်းရသည့်မှတ်တမ်း မရှိခဲ့ပေ။

“ပထမအချက်က ဒီအသင်းကို ကယ်တင်ဖို့ပါ။ လုပ်ပေးနိုင်မယ်လို့ အာမမခံပေမယ့် အကောင်းဆုံးတော့ ကြိုးစားမှာပါ။ ပြီးမှ နောက်တစ်ဆင့်အနေနဲ့ အောင်မြင်မှုရဖို့ တည်ငြိမ်တဲ့ခြေစွမ်းကို ဖန်တီးပြီး ဘော်လ်တန်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်းတို့မှာလိုဖြစ်အောင် ကြိုးစားမယ်။ အဲဒါကြောင့် ဒီအသင်းကို ကျွန်တော်တာဝန်ယူခဲ့တာပါ။ အရင်ကလုပ်ခဲ့သလိုမျိုး ဒီလိုအသင်းကြီးမှာ လုပ်နိုင်မယ်လို့တော့ မျှော်လင့်တယ်”ဟု အလာဒိုက်စ်က ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!