ပရီးမီးယားလိဂ်ချန်ပီယံဆုအား လက်စတာရရှိနိုင်ဟု ဗန်ဟားလ်ဆို
|
မန်ယူနည်းပြဗန်ဟားလ်က အမှတ်ပေးဇယားအား ဦးဆောင်နေသည့် လက်စတာအသင်း၏ ခြေစွမ်းမှာ အံအားသင့်ဖွယ်အနေအထားဖြစ်သော်
လည်း နည်းပြရာနီရေးနီ၏ နည်းစနစ်ပိုင်းများကြောင့် ပါဝင်ကြောင်း၊ ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအား ရရှိရန်လည်းအခြေအနေ
ကောင်းကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၃အပြီး ရှုံးပွဲတစ်ပွဲတည်းသာရှိသေးသည့် လက်စတာအသင်းသည် လက်ရှိအမှတ်ပေးဇယားအား ဦးဆောင်နေသည့်အ
ပြင် ရှုံးပွဲအနည်းဆုံးအသင်းအဖြစ်ရပ်တည်လျက်ရှိသည်။
“ဂျိမ်းစ်ဗာဒီဆိုတာက မန်ယူနောက်တန်းကစားသမားတွေအတွက် တကယ်ကိုထိန်းချုပ်ရခက်တဲ့ ကစားသမားသမားတစ်ဦးပါ။ နည်းပြရာနီရေး
နီရဲ့ နည်းဗျူဟာနဲ့အတူ မာရက်ဇ်၊ ဗာဒီတို့က အသင်းအတွက်တကယ်ကို အန္တရာယ်ရှိပါတယ်။ ၀ါရင့်နည်းပြတစ်ယောက် တာဝန်ယူကိုင်တွယ်
နေတဲ့အသင်းဖြစ်တဲ့အတွက် ရာသီကုန်မှာ ချန်ပီယံဆုတောင်ရရှိသွားနိုင်ပါတယ်” ဟု မန်ယူနည်းပြက သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းမှာ ယခုတစ်ပတ်တွင်လက်စတာအသင်းကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး လက်စတာအသင်းတိုက်စစ်မှူးဗာဒီကို မန်ယူနောက်တန်းကစားသမားများထိန်းချုပ်ရန်ခက်ခဲမည်ဖြစ်ကြောင်း ဗန်ဟားလ်ကဆိုခဲ့ခြင်းဖြစ်သည်။
နည်းပြဗန်ဟားလ်၏ သုံးသပ်မှုအပေါ် လက်စတာနည်းပြရာနီရေးနီက အသင်းအနေဖြင့် ရမှတ်၄၀ရရှိပြီး တန်းမဆင်းရရေးအတွက်သာပစ်မှ
တ်ထားကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
Next : ဇန်န၀ါရီအပြောင်းအရွှေ့တွင် မည်သည့်ကစားသမားမှ ရောင်းထုတ်မည်မဟုတ်ကြောင်း ရော်နယ်ကိုးလ်မန်း သတိပေး