ဇန်န၀ါရီအပြောင်းအရွှေ့တွင် မည်သည့်ကစားသမားမှ ရောင်းထုတ်မည်မဟုတ်ကြောင်း ရော်နယ်ကိုးလ်မန်း သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
SOUTHAMPTON, ENGLAND - NOVEMBER 01:  Graziano Pelle of Southampton performs a haka style celebration with Southampton sports therapist Graeme Staddon as he scores their second goal as Ronald Koeman manager of Southampton looks on during the Barclays Premier League match between Southampton and A.F.C. Bournemouth at St Mary's Stadium on November 1, 2015 in Southampton, England.  (Photo by Alex Broadway/Getty Images)
ဆောက်သမ်တန်တိုက်စစ်မှူးပယ်လီ ဘုန်းမောက်အသင်းဘက်သို့ဂိုးသွင်းပြီးနောက် အသင်းကြံ့ခိုင်ရေးမှူးတို့အောင်ပွဲခံနေစဉ်။

ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးလ်မန်းက ရာသီကုန်တွင် ဥရောပ၀င်ခွင့်ရရှိရန် မျှော်လင့်ထားသည့်အတွက် လာမည့် ဆောင်းရာသီဇန်န၀ါရီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ပြိုင်ဘက်အသင်းများထံ မည်သည့်ကစားသမားမှ ရောင်းထုတ်မည်မဟုတ်ကြောင်းသတိပေးပြောကြားလိုက်သည်။

”မန်နီနဲ့ ပတ်သက်ပြီး မန်ယူ၊ ချဲလ်ဆီးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ထပ်မံလက်ခံရရှိထားပါတယ်။ ကစားသမားတွေအနေနဲ့အသင်းမှဆက်ရှိနေလိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အသင်းအနေနဲ့ လာမည့် အပြောင်းအရွှေ့ဈေးကွက်မှာ မည်သည့်ကစားသမားကိုမှ အသင်းကနေ ရောင်းထုတ်ဖို့မရှိဘူးဆိုတာ အသိပေးချင်ပါတယ် ” ဟု ရော်နယ်ကိုးလ်မန်းက ဆိုခဲ့သည်။

ပရီးမီးယားလိဂ်ထိပ်သီးမန်ယူအသင်းသည် ဆောက်သမ်တန်တိုက်စစ်မှူး မန်နီအား လာမည့်အပြောင်းအရွှေ့အတွင်းခေါ်ယူရန် ပြန်လည်ပြင်ဆင်လာခဲ့ခြင်းနှင့် အသင်းပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ပြောကြားထားသည့် တိုက်စစ်မှူး ပယ်လီတို့ကြောင့် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့်အတွက် နည်းပြကိုးလ်မန်းက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!