ဗန်ဟားလ်၏မန်ယူအသင်း ကစားဟန် လွတ်လပ်မှုပျောက်ဆုံးနေဟု လက်ထောက်နည်းပြဟောင်းမူလန်စတင် ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usemanuweb
ပီအက်စ်ဗွီနှင့် ဂိုးမရှိသရေကျသည့်ပွဲစဉ်တွင် နည်းပြဗန်ဟားလ်နှင့် ၎င်း၏နည်းပြအဖွဲ့အားတွေ့ရစဉ်။

နည်းပြဗန်ဟားလ်၏ မန်ယူအသင်းမှာ လွတ်လပ်မှုကင်းမဲ့မှုကြောင့် အခက်ကြုံနေရ ကြောင်း အသင်း၏လက်ထောက်နည်းပြဟောင်း မူလန်စတင်က ပြောကြားလိုက်သည်။

ဗန်ဟားလ်၏မန်ယူအသင်းမှာ ဖာဂူဆန်လက်ထက် မန်ယူအသင်းကဲ့သို့ ဖျော်ဖြေမှု ပေးစွမ်းနိုင်ခြင်းမရှိတော့ဟု မူလန်စတင်က ဝေဖန်ခဲ့သည်။ ” မန်ယူအသင်းရဲ့ လက်ရှိကစားပုံက ပုံစံခွက်ဆန်နေပါတယ်။ နည်းနည်းစွန့်စားမယ်ဆိုရင် ပြိုင်ဘက်အသင်းကို ထိုးဖောက်ကစားနိုင်ပေမယ့် ကစားသမားတွေက သမားရိုးကျ ပုံစံအတိုင်းပဲ ကစားပြီး ဘောလုံးကို နောက်ပြန်ပေးနေတာ တွေ့ရပါတယ်။ ပရိသတ်တွေက အဲဒီအချက်ကို သဘောမကျကြပါဘူး။ ဖာဂူဆန် လက်ထက်တုန်းက မန်ယူအသင်းမှာ တိကျတဲ့ ကစားဟန်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကစားသမားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ မန်ယူအသင်းမှာ လွတ်လပ်မှု ပျောက်ဆုံးနေပါတယ်”ဟု ပြောသည်။

မန်ယူသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင်ပီအက်စ်ဗွီနှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် ၈ ပွဲတွင်
ခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

comments

error: Content is protected !!