အသင်းမှထွက်ခွာခွင့်ပေးရန် ဒေါ့မွန်အား ဟန်မဲလ်တောင်းဆိုခဲ့ဟု သတင်းထွက်ပေါ်
|
မန်ယူအသင်း ပစ်မှတ်ထားနေသည့် ဂျာမနီနောက်ခံလူ ဟန်မဲလ်သည် ယခုရာသီ အကုန်တွင်အသင်းပြောင်းရန် ဒေါ့မွန်အသင်းထံ တောင်းဆိုခဲ့ကြောင်း ဂျာမနီအခြေစိုက် Bild သတင်းဌာနကဖော်ပြသည်။
ဟန်မဲလ်သည် ဒေါ့မွန်နည်းပြသစ် သောမတ်စ်တူချယ် လက်အောက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် ဒေါ့မွန်တွင် မပျော်မွေ့တော့ကြောင်း အဆိုပါသတင်းဌာန၏ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
ဟန်မဲလ်သည် မန်ယူနည်းပြ ဗန်ဟားလ်သဘောကျသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရာသီကတည်းက မန်ယူက ၎င်းကိုခေါ်ရန် စိတ်ဝင်စားခဲ့ဖူးကြောင်း သိရသည်။
ခရက်စ်နိုဒါကို ဒေါ့မွန်အသင်း ရှုံးနိမ့်ခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဟန်မဲလ်၏ အမှားကြောင့်ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါဂိုးကြောင့် ဒေါ့မွန်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ဒေါ့မွန်ပရိသတ်များနှင့် ဟန်မဲလ်တို့ အချေအတင်ဖြစ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ သိရသည်။ ဟန်မဲလ်သည် ၂၀၁၇ ခုနှစ်အထိ ဒေါ့မွန်တွင် စာချုပ်သက်တမ်းရှိနေသူဖြစ်ကြောင်းသိရသည်။
Next : ဆန်းချက်ဇ်နှင့် ဗာဒီကို သားကောင်လိုက်သည့်ခြင်္သေ့များဖြင့် အာစင်ဝင်းဂါး ခိုင်းနှိုင်း