အူဒီးနီစ်တိုက်စစ်မှူး ဒီနာတယ်လီ ကစားသမားဘ၀မှ အနားယူရန် စီစဉ်နေ
|
ကစားသမားဘ၀အားစွန့်ခွာဖွယ်ရှိနေသည့်တိုက်စစ်မှူး ဒီနာတယ်လီ။
အူဒီးနိစ်အသင်း၏ ၀ါရင့်တိုက်စစ်မှူး ဒီနာတယ်လီသည် ဒဏ်ရာပြဿနာအချို့နှင့်ရင်ဆိုင်နေရသည့်အတွက် လာမည့်နှစ်သစ်ကူးခရစ်စမတ်ကာလတွင် ကစားသမားဘ၀မှ အနားယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဒီနာတယ်လီသည် အူနီးနိစ်အသင်းတွင် ၂၀၀၄ ခုနှစ်မှစတင်ကာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ဘောလုံးရာသီ ၁၂ရာသီအတွင်း ပွဲပေါင်း ၃၆၉ ပွဲတွင် ဂိုးပေါင်း ၁၉၂ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။
အီတလီအားကစားသတင်းစာတစ်ခုဖြစ်သည့် Gazzetta dello Sport ၏ဖော်ပြချက်အရ ဒီနာတယ်လီသည် လာမည့် ဒီဇင်ဘာလအတွင်းအ
သင်းနှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းရန် ပြင်ဆင်နေကြောင်း၊ ဒီဇင်ဘာ ၂၀ရက်နောက်ပိုင်းတွင် ကစားသမားဘ၀မှအနားယူဖွယ်ရာဖြစ်နိုင်
ကြောင်း အခိုင်အမာဖော်ပြသွားခဲ့သည်။
Prev : ဆန်းချက်ဇ်နှင့် ဗာဒီကို သားကောင်လိုက်သည့်ခြင်္သေ့များဖြင့် အာစင်ဝင်းဂါး ခိုင်းနှိုင်း
Next : ပရီးမီးယားလိဂ်ချန်ပီယံဆုအား လက်စတာရရှိနိုင်ဟု ဗန်ဟားလ်ဆို
Next : ပရီးမီးယားလိဂ်ချန်ပီယံဆုအား လက်စတာရရှိနိုင်ဟု ဗန်ဟားလ်ဆို