ဆန်းချက်ဇ်နှင့် ဗာဒီကို သားကောင်လိုက်သည့်ခြင်္သေ့များဖြင့် အာစင်ဝင်းဂါး ခိုင်းနှိုင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ST ALBANS, ENGLAND - SEPTEMBER 28: Arsenal manager Arsene Wenger talks to Alexis Sanchez during a training session at London Colney on September 28, 2015 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)
အာဆင်နယ်အသင်း၏လေ့ကျင့်ရေးကွင်းတွင် နည်းပြ၀င်းဂါးနှင့် ဆန်းချက်ဇ်အားတွေ့ရစဉ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆန်းချက်ဇ်နှင့် လက်စတာ တိုက်စစ်မှူး ဗာဒီတို့မှာ အမဲလိုက်နေသည့် ခြင်္သေ့များနှင့်တူကြောင်း ချီးကျူးလိုက်သည်။

ဆန်းချက်ဇ်သည် ဒိုင်နမိုဇာဂရက်ကို (၃)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး အာဆင်နယ်အသင်း ရရှိခဲ့သည့်နောက်တစ်ဂိုးတွင်လည်း ၎င်း၏ဖန်တီးမှုပါဝင်ခဲ့သည်။

”တစ်ခါတလေ သူအနားယူရတဲ့အချိန်မှာ ဆန်းချက်ဇ်တော့ သွားရှာပြီလို့ ခင်ဗျားတို့ တွေးကြပါလိမ့်မယ်။ဒါပေမဲ့ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့အချိန်မှာ သူက အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်နိုင်ပါတယ်။ဆန်းချက်ဇ်ကို ကြည့်ရင် အမြဲပင်ပမ်းနွမ်းနယ်နေတဲ့ ပုံစံမျိုး မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ အမှန်က အဲဒီလို မဟုတ်ပါဘူး။နှစ်ရက်ကြာရင် သူပြန်ပြီး လန်းလန်းဆန်းဆန်းဖြစ်လာပါတယ်။ သူ့ရဲ့ ကစားဟန်က ပြင်းထန်ပြီးအားပါလွန်းပါတယ်။ ဗာဒီနဲ့ တော်တော်တူတယ်။ နှစ်ယောက်စလုံးက ခြင်္သေ့တွေလိုပဲ။ ရှေ့မီတာ ၂၀၀ အတွင်းမှာ သားကောင်ကို မိဖို့လိုတယ်။ တကယ်လို့ မိခဲ့ရင် ရပ်တန့်သွားလိမ့်မယ်။ သူတို့က အဲဒီလိုလိုမျိုးပါ။ သူတို့ စတင်လှုပ်ရှားပြီဆိုတာနဲ့ သားကောင်ကို အသေသတ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ သူတို့ ပြန်ပြီးရပ်တန့်သွားလိမ့်မယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

ဒိုင်နမိုဇာဂရက်နှင့်ပွဲတွင် ဆန်းချက်ဇ်သည် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်နော်ဝစ်ခ်ျနှင့် ကစားမည့်ပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးသော်လည်းအာစင်ဝင်းဂါးက ဆန်းချက်ဇ်အနေဖြင့် နော်ဝစ်ခ်ျနှင့်ပွဲတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်လာနိုင်မည်ဟု မျှော်လင့်နေကြောင်း Goal.com က ဖော်ပြသည်။

comments

error: Content is protected !!