ဒိုင်နမိုကိဗ်အသင်း အိမ်ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးကို အိမ်ကွင်းတွင်လက်ခံကစားစဉ်က ဒိုင်နမိုကိဗ်ပရိသတ်များ

ယူကရိန်းကလပ်ဒိုင်နမိုကိဗ်သည် ချဲလ်ဆီးနှင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ်များ၏ လုပ်ရပ်ကြောင့် လာမည့်အိမ်ကွင်းပွဲစဉ် ၂ ပွဲအား ကွင်းပိတ်ကစားရန်နှင့် ဒဏ်ငွေအဖြစ် ယူရို ၁ သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းအတွက်ကြောင့် ဒိုင်နမိုကိဗ်သည် အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် မက္ကာဘီတဲလ်အဗစ်နှင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အပါအ၀င် နောက်တစ်ဆင့်တက်ရောက်ခွင့်ရရှိခဲ့ပါကလည်း အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်ကြည့်ရှုခွင့် ရရှိမည်မဟုတ်ဘဲ ကွင်းပိတ်ကစားရတော့မည်ဖြစ်သည်။

ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခံရသည့် ဒိုင်နမိုကိဗ်သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း လူမျိုးရေးခွဲခြားမှုများပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပြီး လက်ရှိပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်ရန်မရှိကြောင်းလည်း သိရသည်။

comments

error: Content is protected !!