ယနေ့ညပွဲစဉ်တွင် လီဗာပူးတိုက်စစ်မှူးစတာရစ် ပွဲထွက်နိုင်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် စတာရစ်(၀ဲ)

လီဗာပူးတိုက်စစ်မှူးစတာရစ်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၄ ရက်နေ့တွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် အနားယူခဲ့ရပြီးနောက် နည်းပြကလော့ပ်အတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ဘော်ဒိုးနှင့်ယှဉ်ပြိုင်မည့် ယနေ့ည ယူရိုပါလိဂ်ပွဲစဉ်၌ ပြန်လည်ပွဲထွက်နိုင်ကြောင်းသိရှိရသည်။

တိုက်စစ်မှူးစတာရစ်နှင့်ပတ်သက်၍ နည်းပြကလော့ပ်က ”လေ့ကျင့်ခန်း ၇ ကြိမ်၊ ၈ ကြိမ်လောက်ဆင်းပြီးတဲ့အချိန်မှာ ပွဲထွက်ဖို့ အလွန်နီးစပ်လာပါတယ်။ သူအနားယူခဲ့ရတာ ကျွန်တော်လီဗာပူးကိုစရောက်ကတည်းကပါပဲ။ ကျွန်တော့် ဆုံးဖြတ်ချက်ကို မကြာခင်မြင်ရမှာပါ” ဟု ပြောကြားခဲ့သည်။

ဘော်ဒိုးနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ကွင်းလယ်လူကော်တင်ညိုမှာ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရပြီး ဗဟိုခံစစ်မှူးစတာတယ်သည်လည်း အဖျားဝေဒနာခံစားနေရသောကြောင့် ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရှိရသည်။

comments

error: Content is protected !!