၁၆ သင်းအဆင့်သို့ အာဆင်နယ်ရောက်ရန် မလိုလားဟု မော်ရင်ညိုဖွင့်ဟ
|
ချဲလ်ဆီးနည်းပြမော်ရင်ညိုက ချန်ပီယံလိဂ်တွင် အာဆင်နယ်အသင်း ၁၆ သင်းအဆင့်သို့တက်ရောက်မည်ကို မလိုလားကြောင်း ပြောကြားလိုက်သည်။
အာဆင်နယ်မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံပွဲတွင် အိုလံပီယာကော့စ်အိမ်ကွင်း၌ ၂ ဂိုးပြတ်အနိုင်ရရှိမည်ဆိုပါက နောက်တစ်ဆင့်တက်ရောက်နိုင်မည်ဖြစ်သည်။
သို့သော် မော်ရင်ညိုက ၎င်းနှင့်ကာလရှည်ကြာရင်းနှီးခဲ့သည့် နည်းပြမာကိုဆေးလ်ဗား၏ အိုလံပီယာကော့စ်အသင်းသာ ရှုံးထွက်အဆင့်သို့ရောက်ရှိရန်လိုလားကြောင်း ပြောကြားခဲ့သည်ဟု Daily Mirror က ဖော်ပြခဲ့သည်။
အဆိုပါပေါ်တူဂီလူမျိုးနည်းပြက ”အင်္ဂလိပ်အသင်းတွေ ပထမနေရာကနေ နောက်တစ်ဆင့်တက်ရင် ကျွန်တော်ကျေနပ်စမြဲပါပဲ။ ဒါပေမဲ့ အာဆင်နယ်နဲ့အုပ်စုတစ်ခုတည်းရောက်နေတဲ့ အိုလံပီယာကော့စ်နည်းပြက ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းပါ။ ဒါကြောင့် အရိုးသားဆုံးပြောရရင် အိုလံပီယာကော့စ်ကို နောက်တစ်ဆင့်ရောက်စေချင်တယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
Next : ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းရရှိခဲ့သည့် လက်ဆောင်နာရီများအား ရောင်းချမည်